အကျင့်ပုတ်willis

3.8K 583 27
                                    

*ဒေါက် ဒေါက်*

အချက်ကျကျ ဓားနှင့် စားပွဲထက် ထိခတ်နေသည့် တတောက်တောက်သံ။
Johnရှိရာ ထမင်းစားခန်းထဲ လာထိုင်နေကာမှ ထို လှီးချွတ်သံတွေနင့်အသားနံ့ ဟင်းခတ်မှုန့်နံ့တွေကြောင့်ခေါင်းတွေပင်ထိုးကိုက်လာသည်။

" သူ ဘယ်သွားတာလဲ"

" doctorလား အကိုလေး"

" ဒီအိမ်မှာ ၃ဆယာက်ပဲရှိတာလေ သူ့ မမေးလို့ ငါ ဘယ်သူ့ကို မေးရမှာလဲ"

" ဟိ...အကိုလေး ကလဲ စိတ်ကြီးပဲ  doctorက ဧည့်သည် သွားကြိုတယ်လေ အကိုလေး သိထားပြီးသား မဟုတ်ဖူးလား"

"Daddyကလေ တကယ် အာရုံကိုနောက်တယ် ငါ့ကို အခန်းပြန်လိုက်ပို့ပေးjohn"

John အကိုလေး အဖြစ်ကို ကျိတ်ရယ်နေမိသည်။
Doctorတမနက်လေး အပြင်ထွက် သွားသည်ကို ပျင်းနေပုံ ရတဲ့ အကိုလေး က အိမ်အောက်တက် သွားလိုက် ပြန်ဆင်းလာလိုက်နှင့် ဂနာမငြိမ်။

အကိုလေးdaddyရဲ့ ဆရာဝန် ဧည့် သည် ၂ယောက်လောက် londonကိုကိစ္စရှိလို့ လာရင်း အိမ်တွင်တည်း မည်ဖြစ်ကြောင်း ကြိုတင် အသိပေးခဲ့ပြီးသား။
အကိုလေးက သိပ်တော့ လက်ခံချင်ပုံမရပေမဲ့ doctorက အတင်းတိုက်တွန်းသည်က တကြောင်း အရင် ကထက် စာရင် အကြောမတင်းတော့သည့် အကိုလေးက လက်ခံပေးခဲ့သည်။

" မြန်မြန် လျှောက်လေ ကန်းနေတဲ့ သူတောင် မင်းထက်စာရင်မြန်သေးတယ်"

ရုတ်တရက် အလို မကျသလို ထအော် သည့် အကိုလေးက မျက်ခုံးတွေ တွန့်ချိုးထားကာ မျက်နှာက စူပုတ်နေသေးသည်။

ကြည့်ရတာ...
Doctorအနားမှာမရှိလို့ မနေတတ်တော့ဘူး ထင်ပါ့။

*********************

မကြာခင်  အပြင်ဘက် က ခြေသံတွေနှင့် စကား ပြောသံ ခပ်ကျယ်ကျယ်အချို့ကြားရတာမို့willisနားစွင့်ထားလိုက်သည်။

Viviက တော့ဘောလုံးတလုံးပေးထားတာမို့ အခန်းထဲလှည့်ပတ် ဆော့နေသည်။

  တံခါးဖွင့် သံကြားလိုက်ရသည့်နောက် အမြဲ ကြားနေကြ ခြေသံတိုးဖွဖွနှင့်အတူ ရင်းနှီးနေကြ ကိုယ်သင်းရနံ့ကိုပါ တဆက်တည်း ရလေသည်။

  "Willis "(Completed)Where stories live. Discover now