Going crazy

4.1K 536 73
                                    

Clevedon pier  မှ နာရီဝက်ကျော်ကားမောင်းပြီးနောက် ယူကလစ်ပင်တို့ဖြင့် အုပ်အုပ်ဆိုင်းရှိလှသည့် ဘုရားကျောင်း လေးသို့ရောက်လေသည်။

ကားကိုစက်သတ်ပြီးနောက် တဖက်မှWillisကိုကားတံခါးဖွင့်ပေးကာဆင်းစေပြီး လက်မောင်းလေးကိုအသာဆုပ်ကိုင်  တွဲလိုက်ရင်း ဘုရားကျောင်းငယ် အတွင်းသို့ ဝင် လေသည်။

" ကျွန်တော် အပြစ်ဝန်ခံ ချင်တာမို့ ခဏလောက် စောင့်ပေးပါလား  "

Willisအလို ကျ  ဘုရားဝတ်ပြုရင်း စောင့်နေလိုက်သည

၎ရမိနစ်ကျော်လောက်ကြာ မှ ထို အခန်းငယ် အတွင်း အသက်အိုမင်းနေပြီဖြစ်တဲ့ ဖာသာ တယောက်နှင့်အတူ တွဲ၍ ထွက်လာလေသည်။

ဘုရားကျောင်းအနောက်ဘက် တွင် အိုမင်းနေပြီဖြစ်ပေမဲ့ ခန့်ညားစွာရှိနေတဲ့ ရှေးဟောင်း တိုက်အိမ်ကြီး ဆီ တရွေ့ရွေ့သွားနေရင်း Willisကတော့ ထို ဖာသာနှင့်သာ စကားတပြောပြောဖြင့်ပါလာခဲ့လေသည်။

" ခလေး အရေအတွက်ကတော့ ပို များလာတာပဲ Willis၊
သား လဲ မလာတာ အတော်ကြာနေပြီ ပဲ လေ "

Willisက အားနာဟန် ပြုံးလိုက်ရင်း...

" စိတ်မကောင်းပါဘူး  ၊ကျွန်တော်လဲ ကိုယ့် ရောဂါနဲ့ကိုယ်ဆိုတော့ တကယ် လာဖို့အဆင်မပြေ ခဲ့လို့ပါ နောက်တော့ မကြာမကြာ လာဖြစ်အောင် ကြိုးစားပါ့မယ်"

ပြေးလွှားဆော့နေသည့် အရွယ်စုံ ခလေးတွေ၊ ခပ်ကြီး ကြီးအရွယ်တွေကတော့ အမှိုက်ကောက် တံမြက်စည်းလဲ စသဖြင့် တနိုင်တပိုင် လုပ်အားပေးနေကြလေသည်။

လူ အပေါက်အရောက်နဲလှသည့် နေရာမို့မိဘမဲ့ ဂေဟာငယ်လေးသည်  အလှုရှင်တော့ သိပ်များများစားစား ရှိပုံမရ၊
အဖွဲ့ အစည်းအချို့ ၏ ထောက်ပံ့ မှုနှင့် ရပ်တည်နေပုံရသည်။

Willisက ငွေအတော်များများ လှူ လေသည်။
မျက်နှာလေးက ကြည်နေပုံထောက် ဒီကောင်လေး တော်တော် စိတ်ချမ်းသာနေပုံရသည်။

" မပြန်ချင်ဘူးလား "

အရိပ်ကောင်းလှသည့် ယူကလစ် ပင်ကြီး ၏ ခုံတန်းလေးအောက်ထိုင်နေဖြစ်ရင်းloeyဘက်မှ စကားစလိုက်သည်။

  "Willis "(Completed)Where stories live. Discover now