သဝန်တိုခြင်း...

3.9K 607 61
                                    

"  doctor loey နေကောင်းရဲ့လား"

ဓာတ်လှေကားရှေ့ ထိုနေရာပင် ကြောင်အစွာရပ်နေမိတာ အချိန်ကြာသည်အထိ၊
Male nurseလေးတယောက်ရဲ့ပုခုံးပုတ်သတိပေးမှသာအသိဝင်လာရသည်။

" အာ အင်း အဆင်ပြေပါတယ်"

ဆေးရုံအုပ်ကြီးရုံးခန်းဆီသွားနေသည့်ခြေလှမ်းများကမပြေးရုံတမယ်ခပ်သွက်သွက်လှမ်းမိတယ်၊

"ထိုင်Loey"

ဆေးမှတ်တမ်းတခုကိုဖတ်နေတဲ့ဆရာက အတော်လေးကြာသည်အထိမော့မကြည့်လာတာမို့ မေးချင်ဇော အားကြီးနေသည့်loeyကသာစကားစလိုက်မိသည်။

" ဆရာ..willisက..."

" ဩော် ဟုတ်သားပဲ၊ loeyကိုပြောဖို့မေ့နေတာ၊willisအလည်လိုက်လာတယ်သိလား၊ ခုခေါ်ရတဲ့အေကြာင်းကလဲ loeyကိုကျေးဇူးတင်စကားပြောချင်လို့ပါ၊ ခုလိုwillisပြောင်းလဲလာရတာloeyကြောင့်ပဲမဟုတ်လား"

Loeyကြောင့်?
ဒါဆို အကြောတင်းလေးကသူ့ကြောင့်ပြောင်းလဲခဲ့ပြီပေါ့၊

"Willisက ခုလေးတင် ပြန်သွားတာloeyနဲ့လွဲသွားပြီ၊ "

"ကျွန်တော်တွေ့လိုက်တယ်ဆရာ"

စားပွဲပေါ်ရှိ အလှတင်ပန်းအိုးထဲရှိရေမွှေးနှင်းဆီအနံ့ကခပ်သင်းသင်း၊
သက်ပြင်းမောကြီးချပြီးကာမှ...

"သူကျွန်တော့်ကိုမသိချင်ယောင်ဆောင်သွားတယ်ဆရာ..."

"ဟေ.."

ဆရာထံမှ အံ့အားတကြီးအာမေဋိတ်သံ၊
ထို့နောက် ဆရာက နှစ်ယောက်ကြားရုံလေသံတိုးတိုးဖြင့်ရေရွတ်လေသည်။

" loeyနဲ့willisကြားမှာဆရာမသိတဲ့အပိုင်းတွေရှိနေပြီထင်တယ်"

*************

*loey*

စိတ်ကူးထဲက ပုံဖော်ခဲ့မိသည့်ထက်အဆပေါင်းများစွာပြည့်စုံသည်။

ဓာတ်လှေကားအဝတွင် လူချင်းဝင်တိုးမိမတတ်ဖြစ်ကထဲကရလိုက်ရသည့် နှစ်သက်ခဲ့ဖူးသောကိုယ်သင်းရနံ့ဟာ ဘယ်တုန်းကမှမမေ့ခဲ့၊

အရပ်ရှည်ရှည်ခန္ဓာကိုတောင့်တောင့်နှင့်ထိုဆရာဝန်ကရုတ်တရက်မော့ကြည့်လာတော့ ဝိုင်းစက်ကြည်တောက်နေသည့်မျက်ဝန်းတွေကိုဦးစွာမြင်သည်။
ပွင့်ဟလာသည့် နှုတ်ခမ်းဖူးဖူးတွေက အစိုဓာတ်ပြည့်က နီထွေးထွေး၊
ပါးနှစ်ဖက်က ဖောင်းအိအိဖြစ်နေပုံကကြည့်ရမဆိုးစေဘဲ ချစ်စဖွယ်ကောင်းသည့်ဘက်ရောက်သည်။လှန်သိမ်းထားသည့် ဆံနွယ်နက်နက်တို့က နဖူးပြင်ကိုရှင်းရှင်းလင်းလင်းမြင်ရသည်။
ကားနေသည့်နားရွက်တွေရယ် Willisထက်ပင်ရှည်မိုးနေသည့်အရပ်ကား ထိုသူအားပြီးပြည့်စုံသည်ထက်ပိုစေသလားမသိ၊
Name tagလေးဆီအကြည့်ရောက်မိတော့ ထိုသူဟာloeyဖြစ်မှန်းအတပ်သိလေပြီ၊

  "Willis "(Completed)Where stories live. Discover now