သူငယ်ပြန်နေတာလား?

3.8K 533 22
                                    

နွေ ဦးပေါက်လာပြီ ဖြစ်တာကြောင့်  အရင်ကလို ဆောင်းအငွေ့အသက်တို့ကို သိပ်မခံစား ရတော့ကြောင်း လေနွေးနွေး အချို့က မျက်နှာကို ဖြတ်သန်းလာရုံ ဖြင့် သိနိုင်သည်။

" ပျင်းလိုက်တာ"

ပြတင်းပေါက် ဘေး ထိုင်နေရင်းက နှုတ်မှ ထွက်သွားမိသည့် ကိုယ့်စကားကို မယုံနိုင်စွာ။

လွန်ခဲ့တဲ့ ၂နှစ်ကျော် လောက်ထိက  အမှောင်ထဲနေသားကျအောင်  ကိုယ့်ကိုကို အပြစ်ပေးခဲ့မိသည်မို့  ဘာမှမမြင်ရလေ ကျေနပ်မိလေ။

ခုတော့  သွားခေါ ဒေါက်တာ အနားမှာ မရှိသည့် ၃ ၄ ရက်အတွင်း ပျင်းတတ်လာတဲ့ ကိုယ့်ကိုကို အမြင်ကတ်မိသည်။
ဘာမှမမြင် ရ အခန်းထဲ သာနေနေရတဲ့ အဖြစ်ကို လဲ ပထမဆုံး အကြိမ်အဖြစ်  မုန်းတီးစိတ်ဝင်လာသည်။

ဧည့်သည်တွေ မပြန်သေးတာကြောင့်loeyသည်လဲ မအားလပ်စွာဖြင့် သူ့အား အဖော်လုပ်  ကာ  မနေပေးနိုင်။

အရင်ကလို စကား နိုင်လု ကာ အနား ၌ပေါက်ပေါက်ဖောက် နားထောင်ချင်မှန်း မသိ နားမထောင်ချင်မှန်းမသိ  စကားများတတ်တဲ့ loeyမရှိတာ  တကယ်  ပျင်းဖို့ကောင်းသည်။

အိပ်ယာ ထဲ ထိုင်နေလိုက် ပြတင်းပေါက်ဘေး ထိုင်နေလိုက် classicသီချင်း ခပ်အေးအေး တွေ နားထောင်လိုက်နှင့်  တကယ့် ပျင်းခြောက်ခြောက်။
Viviခမျာ လဲ willisနား လာလာ ကပ်ရှာပေမဲ့ သူ့ဘာသူ ဘောလုံး တလုံးနှင့်ဆော့နေလိုက်၊ အိပ်နေသည်က များသည်။

လေပူ တွေကို တဖူးဖူး မှုတ်ထုတ် မိရင်း ပြတင်းပေါက်ဘောင်ပေါ် လက်တင်ကာ ခေါင်း မှောက်ချ ရင်း မျက်လုံးမှိတ်ထားလိုက်သည်။

တကယ်ဆို မျက်လုံး မှိတ်ထားသည်နှင့် မမှိတ်ထားသည်က ဘာမှတော့မကွာပေ။

အမဲရောင် လွင်ပြင်ထဲ လမ်းပျောက်နေသည့် သူလို  အရာရာဟာ ဗလာနတ္ထိနှင့်။

ပြီးတော့...
ထိုအတွက် ကျွန်တော် က  ထိုက်တန်သည်။

********

အခန်းတံခါးကို ခပ်ဖြည်းဖြည်းဖွင့်လိုက်သည်နှင့် ပြတင်းပေါက် ဘေး ခုံလေးနှင့်ထိုင်နေရင်း ပြတင်းဘောင်ပေါ် လက်ထောက်တင်ကာ အိပ်ပျော်ပုံနေရသည့် အဖြူရောင်အရိပ်ကလေး  အနား ခြေသံဖွဖွနင်းကာ တိုးကပ်သွားလိုက်သည်။

  "Willis "(Completed)Where stories live. Discover now