မျက်နှာပေါ် ဖြတ်သန်းထိခတ်လာသည့်နေရောင်ခြည်နုနု။
အိပ်ယာတဖက်တချက်စီ လက်နှင့်အသာစမ်းမိတော့ အေးစက်စက် နေရာလွတ်ကြောင့်မျက်မှောင်ကျုံ့ မိလျက်သား။တဆက်ထဲ အော်ခေါ်မိသည်က..
"Loey!!!"
ခပ်သုတ်သုတ် ဝင်လာသည့် ခြေသံနင့်အတူ ဘေးတွင်အသာဝင်လှဲလာသည့်လခပ်ထွားထွား ကိုယ်လုံးကြီးရဲ့ ရင်ခွင်ကျယ်ထဲ အသာ တိုးဝင်ကာဖြင့်ပြန်မှိန်းရန်ပြင်သည်။
" ဘာ လို့အစောကြီးထသွားတာလဲ၊ ကျွန်တော်ထ မှ ထရမယ်ဆိုတာမသိဘူးလား"
တိုးဖွဖွ ရယ်သံနှင့်အတူ ဆံ နွယ်တွေထဲ မျက်နှာ နှစ်လေရင်း ပါးပြင်ထက်ပွတ်သပ်လာသည့်လက်ဖဝါးပြင်အိနွေးနွေး။
" sorry ကိုယ် စောစောနိုးတာနဲ့ ဆက်လှဲမနေချင်တော့လို့"
ဘာလို့ရယ်မသိ ၊ မနက်တိုင်း loeyရဲ့သန်မာတဲ့လက်တွေကြားနိုးထရတာ ကိုတကယ်နှစ်သက်သည်။
" နောက် မေ့ရင် ရိုက်မှာနော်"
" အွန်း ကိုယ်နားလည်ပြီ"
နဖူးထက် နွေးခနဲ။ ထို့နောက်ဆက်တိုက်ဆိုသလို ပါးပြင် ၊ နားသယ်စပ်၊ မျက်ခုံးတန်းနှစ်ခုကြားက နေရာလေးတွေအထိ တဖွဖွ ကျရောက်လာသည့်အနမ်းတွေ။
အနမ်းတွေကြားအသားတကျပြန်အိပ်ပျော်သွားခဲ့လေသည်။
****
" အခန်းရှင်းကြမယ်"Willisရဲ့ အခန်းရှင်းကြမယ်ဆိုတဲ့ စကားက တကယ်တော့Loeyကို တယောက်ထဲ ရှင်းလို့ ပြောလိုက်သည့်အဓိပ္ပါယ်နှင့်အတူတူပင်။
သော့ပိတ်ထားသည့်အခန်းပေါင်းများစွာထဲကမှ willisရဲ့ ပန်းချီ ဆွဲကျင့်ရာ အခန်းကို ဘာစိတ်ကူးပေါက်ကာ ရှင်းမည်ဟု အကြံရသလဲ သူ လဲ မသိ။
တကယ်ဆို အိမ်သန့်ရှင်းရေးအလုပ်က johnရဲ့ အလုပ်ဖြစ်ပေမဲ့ loeyသာ ရှင်းပေးစေလိုပါသည်၊ loeyမှလွဲ သူ့ပစ္စည်းသူများကိုင်တာမကြိုက်ပါဟုသောပက်ချွဲနှပ်ချွဲလုပ်ကာ ဂျီတိုက်မှုကြောင့် dotcor loeyဘဝ မှ နေ သန့်ရှင်းရေးသမားloeyအဖြစ်နေ့ချင်းညချင်းပြောင်းလဲသွားရလေသည်၊တံခါးဖွင့်လိုက်သည်နှင့် နှာခေါင်းထဲ အလုအယက်တိုးဝင်လာသည့်ဖုန်နံ့တထောင်းထောင်း။
အခန်းက အမှောင်ကျလွန်းနေသည်မို့ စမ်းတဝါးဝါးနှင့်နံရံထက်က မီးခလုတ်ကိုဖွင့်လိုက်လေသည်။
YOU ARE READING
"Willis "(Completed)
Fanfictionခေါင်းမာလွန်းတဲ့ကောင်လေးက ဒီလိုဆိုတယ်... "နောက်ဘဝတွေမှာလဲပိုချစ်ရတဲ့ သူက ကျွန်တော်ပဲဖြစ်ချင်သတဲ့..." မျက်ဝန်းပြာပြာနဲ့ကောင်လေးရဲ့ခေါင်းမာမှုနဲ့ချစ်ခြင်းတွေက ကျွန်တော်တို့ခင်ဗျားတို့အကုန်လုံး ကိုမင်သက်စေခဲ့တယ်...