နေရောင်ခြည်က မျက်နှာပြင်ပေါ်ခပ်နွေးနွေး။
ဆောင်း ဥတုရဲ့ အေးစိမ့်စိမ့်လေပြည်က ခပ်သုတ်သုတ်တိုက်ခတ်သည်။* အင်းးး*
အကြောဆန့်ကာကိုယ်ကိုတဖက်လှည့်တော့ ခါးရိုးတလျှောက်စိမ့်ခနဲ။
မျက်ဝန်းတွေအသာအယာဖွင့်ကြည့်တော့ ညအိပ်ဝတ်စုံလေးက ကိုယ်ပေါ်မှာလုံလုံခြုံခြုံ။
သန့်ရှင်းနေတဲ့ခန္ဓာကိုယ်ရယ် အိပ်ယာခင်းရယ်က လူကိုစိတ်ကြည်လင်စေတာမို့Loeyကိုကျေးဇူးတင်မိသည်။
ညက ...
အိပ်ယာခင်းတွေလဲညစ်ပတ်သွားသည်မဟုတ်ပါလား..."အိတ်ပုတ်လေး နိုးပီပေါ့"
အိပ်ယာထစမို့ Willisက ချမ်းစိမ့်စိမ့်ဖြစ်နေပေမဲ့ အပြေးလေ့ကျင့်ပြီးပြန်လာပုံရတဲ့Loeyက ခဲရောင်စွပ်ကျယ်အပါးထက်ချွေးတွေစို့လို့။
ဆံပင်တွေကိုခပ်ဖွဖွပွတ်သပ်ပေးလာသည့်လက်ဖဝါးနွေးနွေးတို့ကြောင့် ပြန်မှိန်းတော့ တိုးဖွဖွရယ်သံနှင့်အတူ နှုတ်ခမ်းထက် အနမ်းတပွင့်။
"နာနေလို့လား"
ဩရှရှ မေးသံက ရင်ခုန်စေသည်။
" နဲနဲပါ"
အိပ်ယာက ထတော့ မှနာကျင်မှုက သိပ်အဆိုးကြီးမဟုတ်မှန်းသိပေမဲ့ loeyကိုဆိုးချင်တာမို့...
" ချီ၊ ရေချိုးခန်းထဲပို့ပေး"
Loeyလည်တိုင်ကိုတွဲခိုကာ လည်တိုင်ထက်မျက်နှာအပ်ရင်းခပ်ချွဲချွဲဆိုမိသည်။
မြှောက်ချီလာသည့်loeyလက်တံရှည်တို့ကြောင့် loeyလည်တိုင်ကို သိုင်းဖက်လျက်သား၊ ခါးကိုခွလျက် ငြိမ်ငြိမ်လေးလိုက်ပါလာမိသည်။
" အရမ်းနာနေတာလားဟင် ကိုယ်ရေချိုးပေးရမလား"
ဘေစင်ရှေ့ မတ်တပ်ရပ်နေတဲ့willisခါးကိုသိုင်းဖက်လျက် စိတ်ပူစွာဆိုလာတဲ့loeyကြောင့်ရယ်လဲရယ်ချင် သနားလဲသနား။
" ကျွန်တော် ယောက်ျားပါဗျ ၊ဒီလောက်နဲ့သေမသွားပါဘူး ပြီးတော့..."
အဆုံးသတ်တွင်တိမ်ဝင်သွားသည့်Willisအသံ ကြောင့် loeyဟာနားစိုက်ထောင်နေခဲ့လျက်...
YOU ARE READING
"Willis "(Completed)
Fanfictionခေါင်းမာလွန်းတဲ့ကောင်လေးက ဒီလိုဆိုတယ်... "နောက်ဘဝတွေမှာလဲပိုချစ်ရတဲ့ သူက ကျွန်တော်ပဲဖြစ်ချင်သတဲ့..." မျက်ဝန်းပြာပြာနဲ့ကောင်လေးရဲ့ခေါင်းမာမှုနဲ့ချစ်ခြင်းတွေက ကျွန်တော်တို့ခင်ဗျားတို့အကုန်လုံး ကိုမင်သက်စေခဲ့တယ်...