ဖွင့်ထားသည့် ပြတင်းပေါက်ဘေး ခေါင်းမာသည့် ကောင်ဆိုးလေးဟာ နေမကောင်းသေးပါဘဲနှင့်ပေကပ်ကာထိုင်နေပြန်သည်။
ဆောင်းလေ တိုက်ခတ်မှုကြောင့် ရွှေညိုရောင်ဆံနွယ်တို့ဖြင့် တဖြတ်ဖြတ် လွင့်နေရသည်။
နေမကောင်းဖြစ် နေကတည်းက သိသိသာသာ ငြိမ်ကျသွားတဲ့Willis...
တခုခုကို နက်နက်နဲနဲတွေးနေပုံပြီး မျက်နှာနုနုလေးထက် စိတ်ရှုပ်ထွေးခြင်းတို့ကို အတိုင်းသားမြင်နေရသည်။
ပြတင်းပေါက်ကို ဆွဲပိတ်လိုက်ရင်း နှုတ်ခမ်းပါးတွေ ပါးမို့ တွေပင် ရဲတက်နေရသည့် willisရဲ့ နဖူးကိုလက်ခုံနှင့်စမ်းလိုက်တော့ ထင်သည့်အတိုင်းဖျားနေပြန်ပြီ...
" ထ အိပ်ယာထဲ ခဏလှဲနေ တခု ခု စားပြီး ရင်ဆေးထိုးရအောင်"
ဆေးထိုးမည် ဟု သော အသံကြားမှ လှုပ်လှုပ်ရှားရှား ဖြစ်သွားသည့် မျက်ဝန်းပြာလေးတွေ...
"ကျွန်တော် မထိုးချင်ဖူး နာမှာကြောက်တယ်"
"မရဘူး လေ ဖျားတာ ရက်ရှည်နေပြီ လေကွာ"
အိပ်ယာ ပေါ်ရောက်အောင်အသာတွဲသွားပေးရင်း ခြေဖျားရဲရဲလေးတွေပါ လုံအောင် စောင်ကို ဆွဲခြုံပေးလိုက်ရသည်။
နို့တခွက်နှင့် ကြက်သားဆန်ပြုတ် အနဲသာ သောက်ပြီးနောက် ဆေးထိုးမည်ဆိုတော့ လက်တခါခါ ခေါင်းတခါခါ နှင့်အသဲအသန်ငြင်းဆန်လာတော့သည်။
ဂွမ်းသား ဘောင်းဘီလေးကို တင်ပါးလေးပေါ် ရုံ ဆွဲချလိုက်တော့ ရှုံ့မဲ့သွားသည့် မျက်နှာလေးနှင့် အိပ်ယာခင်းစက် ခပ်တင်းတင်းဆုပ်ကိုင်ထားသည့် လက်သီးဆုပ်လေးတွေ...
အရက်ပြန်စွတ်ထားသည့် ဂွမ်းလေးနှင့် အသားပေါ်ပွတ်ပေးလိုက်ရင်း ဆေးထိုးအပ်ကိုစိုက်လိုက်တော့ တွန့်ခနဲ...
အဖျားသွေးကြောင့်နီစွေးနေတဲ့ အောက်နှုတ်ခမ်းသားလေးကို သွားစွယ်ချွန်ချွန်တို့ဖြင့် ဖိ ကိုက်ထားသေးသည်။
*အ*"ပီးပီ"
အပ်ကို ဆွဲနှုတ်လိုက်တော့ ရှုံ့မဲ့သွားသည့် မျက်နှာလေး..
လက်ဖနောင့်ကို သုံးကာ တင်ပါးလေးကို ခြေပေးလိုက်ပြီးနောက် ဆေးထိုးအပ်နှင့် ဆေးပုလင်း ခွံအချို့ကို ခပ်လှမ်းလှမ်းရှိ အမှိုက်ခြင်းထဲသွားပစ်လိုက်သည်။
YOU ARE READING
"Willis "(Completed)
Fanfictionခေါင်းမာလွန်းတဲ့ကောင်လေးက ဒီလိုဆိုတယ်... "နောက်ဘဝတွေမှာလဲပိုချစ်ရတဲ့ သူက ကျွန်တော်ပဲဖြစ်ချင်သတဲ့..." မျက်ဝန်းပြာပြာနဲ့ကောင်လေးရဲ့ခေါင်းမာမှုနဲ့ချစ်ခြင်းတွေက ကျွန်တော်တို့ခင်ဗျားတို့အကုန်လုံး ကိုမင်သက်စေခဲ့တယ်...