သွေးပျက်ဖွယ်အမှား(🍑🤗)

3.9K 494 22
                                    

" စားကောင်းလား"

"အင်း စပ်တယ်"

တော့ပိုကီအနှစ်ရဲရဲကြောင့် နီစွေးနေတဲ့နှုတ်ခမ်းသေးသေးလေးဟာကြက်နှုတ်သီလေးလို။
မျက်ဝန်းပြာပြာလေးတွေ့က မျက်ရည်ကြည်လေးတွေဝေ့လို့ တကယ်စပ်နေပုံပါ။

" တော်ပီလဆက်မစားနဲ့တော့ "

"ဟင့်အင်း ကျွန်တော်ကြိုက်တယ်"

ငရုတ်သီးအနှစ်ထည့်တာ များသွားသည်မို့ အစပ် မစားနိုင်သည့် loeyနှင့်willisအဖို့ဘယ်လိုမှစားလို့အဆင်မပြေနိုင်။

" ခင်ဗျား လက်နဲ့ချက်ထားတာကိုလွှင့်မပစ်ရက်ဖူး"

အို...
ဒီကောင်လေး ဟာloeyကို ဘယ်အတိုင်းအတာထိ ရူးသွပ်စေချင်သလဲ။

"ထတော့ တော်ပြီ ချွေးတွေလဲ ထွက်နေပြီ ၊ရေခဲမုန့်စားပြီး ချွေးတိတ်ရင်ရေချိုးလိုက်"

အသံမာမာနှင့် ဆူတော့မှ စပ်လွန်းလို့ နှုတ်ခမ်းလေး တချွန်ချွန်နှင့် ရေခဲမုန့်စားတော့သည်။

ဘယ်လောက်တောင်စပ်နေသလဲမသိ နားထင်စပ်တွေက ချွေးတွေသီးထလို့။

ပြီးတော့...
အင်းးး
ခုနက မတရားအနမ်းခံခဲ့ရတာမို့ နှုတ်ခမ်းကဖူးယောင်နေခဲ့တာဖြစ်သည်။
အစပ်နဲ့တွေ့တော့ အတော်လေးခံရခက်နေမည်ပေါ့။

"ရေချိုးပြီး ဝတ်စရာမပါဘူး "

ချွေးတွေနစ်နေသည့် Willisအင်္ကျီကိုငုံ့ကြည့်ရင်းပြောသည်။

"ကိုယ့်အင်္ကျီဝတ်လို့ရတယ် သွား၊ခေါင်းပါလျှော်ခဲ့"

ခေါင်းသုတ်ရန်Towerအသစ်တထည်နှင့်ခါးပတ်ရန် တထည် ပေးကာရေချိုးခန်းထဲ တွန်းလွှတ်သည့်တိုင် ချိုးချင်ပုံမရ အင်တင်တင်နှင့်။

မိုးရာသီမဟုတ်ပေမဲ့အပြင်မှာက မိုးအုံ့နေလေတော့ ကြည့်ရတာ မုန်တိုင်းရှိတယ်ထင်ပါရဲ့။

ချည်သားလက်ရှည်ဘောင်းဘီရှည် ညအိပ်ဝတ်စုံသာထုတ်ထားပေးခဲ့ရင်းအခန်းပြင်ထွက်လာလိုက်သည်။
Oversizeပွပွတွေသာ ဝတ်တတ်တဲ့loeyအင်္ကျီတွေကWillisနဲ့ဆို အတော်ကြီးနေမည်ဖြစ်တာကြောင့်ညအိပ်ဝတ်စုံသာထုတ်ပေးဖြစ်ခဲ့သည်။

  "Willis "(Completed)Where stories live. Discover now