ညဈေးတန်း မှာ မုန့်တွေ တနင့်တပိုးစားလာမိသည့်Willisက ခုတော့ အင်္ကျီ ပင်မလဲနိုင်လောက်အောင်ဗိုက်အင့်နေခဲ့ပြီး Loeyရဲ့ ကုတင်ပေါ် ပက်လက်ကလေး။
ဝက်ကလေး အစာဝနေသလို တအင့်အင့်နှင့်။
သားမွှေး ကုတ်ဖြူဖြူက လိုတာထက်ပို ကြီးနေသည်မို့ အိပ်ယာခင်းအဖြူ စောင်ဖြူဖြူကြား Willisက တကယ့် မုန်ညှင်းဖြူလေးလို။
မျက်တောင်တွေ မှေးစင်းနေကာ အိပ်ချင်နေပုံ ရတာမို့loeyက သာ ခြေအိတ်တွေ ချွတ်ပေးလိုက်ရသည်။
" ဘယ်လဲ အိပ်ချင်ပြီကို"
မပွင့်တပွင့်အသံလေးက အိပ်ချင်မူးတူးနှင့်။
ခုရက်ပိုင်းအစားကောင်းအသောက်ကောင်းနှင့်သိသိသာသာ မို့တက်လာတဲ့ပါးတွေကလုံးလို့။" ကိုယ်ရေချိုးအုန်းမယ်"
" အင်း မြန်မြန်လာ"
ရေချိုးပြီး ထွက်လာတော့ အိပ်မောပင်ကျနေလေရဲ့။
တမင်ညစ်ချင်တာမို့ ရေချိုးပြီးစ အေးစက်နေတဲ့ မျက်နှာကိုWillisလည်တိုင်နားတိုးဝှေ့မိတော့ ကျောကိုတဗုန်းဗုန်းထုရိုက်သည်။" သေမလို့လား သူများအိပ်နေတာကို"
ဆူထွက်နေတဲ့နှုတ်ခမ်းသေးသေးလေးကိုခပ်ဖွဖွ ကြင်နာမိတော့ ငြိမ်နေပေးသည်။
ခါးမှာသဘတ် တထည်သာရှိလို့အင်္ကျီ မဝတ်ရသေးတဲ့loeyက ထိုအတိုင်းပင်willisဘေးပူးကပ်လှဲချလိုက်သည်။
"ဘာလုပ်တာလဲ အေးနေတာကြီးကိုအင်္ကျီမဝတ်ဘဲ ...ခင်ဗျား"
အနွေးထည်လက်ရှည်အောက် တစွန်းတစ ပေါ်နေတဲ့ လက်ဖဝါးနုနုလေးကိုဆွဲ ယူလို့ အဝတ်လွတ်ရင်ဘတ်ဆီကပ် တော့ စွာတာတာအသံလေး တိတ်ကျသွားသည်။
နဂိုမှေးသယောင်ရှိတဲ့ လခြမ်းကွေးလိုwillisမျက်ဝန်းလေးတွေက အံ့ဩောတဲ့အခါ ခပ်ဝိုင်းဝိုင်းကလေး။
အတန်ကြာ သည်ထိမျက်ဝန်းချင်းဆုံနေမိရာမှာ ပြာလဲ့လဲ့မျက်ဝန်းလေးတွေက မနေတတ်သလို အကြည့်လွှဲရင်း မျက်တောင်တဖြတ်ဖြတ်ခတ်သည်။
" ဒီ အတိုင်း အိပ်ကြမလား"
" မအိပ်ချင်ဖူး ...အိမ်ပြန်မှာနော်"
YOU ARE READING
"Willis "(Completed)
Fanfictionခေါင်းမာလွန်းတဲ့ကောင်လေးက ဒီလိုဆိုတယ်... "နောက်ဘဝတွေမှာလဲပိုချစ်ရတဲ့ သူက ကျွန်တော်ပဲဖြစ်ချင်သတဲ့..." မျက်ဝန်းပြာပြာနဲ့ကောင်လေးရဲ့ခေါင်းမာမှုနဲ့ချစ်ခြင်းတွေက ကျွန်တော်တို့ခင်ဗျားတို့အကုန်လုံး ကိုမင်သက်စေခဲ့တယ်...