Willis is cute

4.2K 530 26
                                    

လက်မောင်းတခုလုံး ထုံကျင်နေရတဲ့ ခံစား ချက်ကြောင့် loeyနှုတ်ကပင် ညီးညူမိရင်း နိုးလာလေ၏...

မျက်လုံးပွင့်ပွင့်ချင်း တွေ့လိုက်ရတဲ့ မြင်ကွင်းကြောင့် အိပ်ချင် မပြေသေးသည့် စိတ် တောင် ဘယ်ရောက်လို့ရောက်သွားမှန်းမသိအောင်ဖြစ်ရသည်။

သူ့ လက်မောင်းပေါ် ကျကျနန ခေါင်းအုံးကာ ပါးစပ်လေးဟရင် အိပ်ပျော်နေဆဲWillis...

အမယ်...
ခြေထောက်တဖက်က ပါ သူ့ ခါးကို ခွထားသေး...

ကြည့်ရတာ ည က သရဲ တော်တော် ကြောက်နေပုံရဟန်တူသည်။
Willisရဲ့အချစ်တော်viviခမျာ ကုတင်ခြေရင်း မှာသာ ခွေခွေလေးလှဲနေရရှာသည်။

" စောင်ခလေး စောင်ကြောက အသေတင်း ကြောက်နေတာတောင် အကြောကမသေးဘူး"

ခေါင်းကို မ ကာ သူ့ လက်ကို အသာဆွဲထုတ်လိုက်တော့ ထုံကျင်နေသည့် လက်မောင်းတခုလုံး ဟာ တဆစ်ဆစ် ကိုက်လာရသည်အထိ...

ခါးပေါ် ပစ်တင်ထားတဲ့ ခြေထောက်ကို အသာ ဖယ် လိုက်တော့ လူ ကိုသိမ်းကျုံးဖက်လာသည့်အပြင် ရင်ခွင်ထဲ တရှုံ့ရှုံ့လုပ်ကာ ခေါင်းတိုးလာလေသည်။

"Vivi yaငြိမ်ငြိမ် နေစမ်းကွာ ကိုကို အိပ်နေတယ်လေ"

Hol... သူဟာviviဘဝကို လုံးလုံးရောက်လေပြီ...

ယခင်ည တွေက တည လုံး ဒီလို အရိုးကျေမတတ် ဖက် ခံရမည့်viviပုံစံလေးကို မြင်ယောင်မိတော့ သနားစိတ်ဝင်သွားရသည်။
တဆက်တည်းမှာပဲနောက်ဆို...viviကို ကောင်းကောင်းမွန်မွန် ဆက်ဆံဖို့လဲတွေးမိသည်။

"Vivi yaမွှေးနေတာပဲ ကိုကို သဘောကျတယ်"

မျက်စိမှိတ်ထားဆဲဖြစ်ကာသူ့ ရင်ဘတ် ကို တရှုံ့ရှုံ့နမ်းနေရင်း သဘောတွေ ကျ နေပါသည့်Willis...

ရွှေညိုရောင် ဆံနွယ်ပျော့တို့ကို အသာ ပွတ်သပ်ပေးမိရင်း ပြန် ချောသိပ်လိုက်တော့ နိုးတဝက်အိပ်တဝက်နှင့်လှုပ်လှုပ်ရွရွ ဖြစ်နေခဲ့သည့် ခန္ဓာငယ်ဟာ ငြိမ်ကျသွားရင်း အသက်ရှုသံမှန် မှန် နှင့် အိပ်ပျော်သွားပြန်သည်။

အသက်အရွယ်အရ ဆို သူ့ ညီအရွယ် ပဲရှိမည့် ထို အကောင်ပေါက်ဟာ စကားပြောတာလဲ မာရေကျောရေ နိုင်လှသည့်အပြင် အကြောကလဲ စောင်ရမ်းတင်းသေးသည်။

  "Willis "(Completed)Where stories live. Discover now