1💕 U&Z

2.7K 212 0
                                    

•သတို့သားနေရာယူပေးပါ•

အဖြူရောင် သတို့သားဝတ်စုံနှင့်အတူ
ခန်းမထဲသို့ဝင်လာသော
ခန့်ခန့်ညားညားကောင်လေးတစ်ယောက်..။

အသက်အားဖြင့်တော့ ၂၆နှစ်ရှိသော်လည်း
အသက်ထက်ပင်နုနယ်သောရုပ်ရည်ရှိသောသူ..။

အရောင်မဆိုးထားပဲ သဘာဝအတိုင်းရှိနေသော
မည်းနက်လှသောဆံပင်အရောင်နှင့် ပနံသင့်လှသောဖြူလွန်းသောအသားအရည်နှင့်သူ..။

ငယ်ငယ်ရွယ်ရွယ်နှင့်စီးပွားရေးလုပ်ငန်းများကို
ဦးဆောင်နေရသူပီပီ..
ခက်ထန်မှုများနှင့်မာနများကလည်း မဆိုသလောက်လေးရှိသေး၏။

'အချစ်'ဟူသောအရာကိုလဲ
အယုံအကြည်မရှိ..။

၂၆နှစ်ပင်ဖြစ်နေသော်လည်း
ယခုအချိန်ထိ ချစ်သူတစ်ယောက်မျှမထားဖူး..။

ယခုလက်ထပ်သည့်ကိစ္စတွင်လည်း
မိဘများ၏စီစဉ်ပေးမှုကြောင့်သာ..။

မဟုတ်လျှင် လူပျိုကြီးဘ၀နှင့်တစ်သက်လုံးနေသွားမည့်သူ..။

မိဘများက သဘောတူထားသောသူဖြစ်၍
ငြင်းလဲမငြင်းတော့ပဲ လက်ခံမိလိုက်၏..။
ထို့သို့ပင် အေးတိအေးစက်နိုင်သောသူ..။

လက်ထပ်မည့်အချိန်အထိ
ယခုသူ ခန်းမထဲရောက်သည့်တိုင်
သူလက်ထပ်ရမည့်သတိုးသမီးကို အပြင်တွင်တစ်ခါမျှမမြင်ဖူး..
ဓာတ်ပုံကိုသာ တစ်ခါမြင်ဖူးခဲ့သည်..။

သို့ပေမယ့် သေချာမကြည့်ဖြစ်..။

သူ့အတွက် လက်ထပ်ခြင်းသည်
မိဘများစိတ်ချမ်းသာစေရန်သက်သက်သာ..။

သူ့အတွက် အလုပ်ထက်အရေးကြီးသောအရာမရှိ..။

အလုပ်မအားသောကြောင့်
လက်ထပ်ရမည့်သတို့သမီးအားလည်း
အချိန်မပေးနိုင်..။

ထို့ကြောင့် မိဘများကိုသာကိစ္စအားလုံး စီစဉ်ခိုင်းထားခဲ့သည်..။

•သတို့သမီးနေရာယူပေးပါ•

ယခုအချိန်တွင်
ခန်းမထဲတွင်ရောက်နေသောသူများအားလုံး၏ အကြည့်မှာ သတို့သမီးလာရာ
ဟိုတယ် အ၀င်အ၀ဘက်သို့..။

PROMISE ME|| 윤민 [Completed]Where stories live. Discover now