🍓 тωσ

10.2K 1K 52
                                    


" ဝါးးးးး အိပ်ရေးကိုဝသွားတာပဲ "

AmericaမှKoreaသို့ပျံသန်းလာသောလေယာဉ်ပေါ်တွင်ကုလားသေကုလားမောအိပ်၍လိုက်ပါလာခဲ့သော Tao ။ လေဆိပ်အပြင်ဘက်သို့ထွက်လာသည်နှင့်မျက်နှာပေါ်တွင်တပ်ထားသော အမည်းရောင်Sun glassကြီးအားချွတ်လျက်ပြေပြေလေးတိုက်ခတ်နေသည့်လေပြေလေညင်းတို့အားရှူရှိူက်ရင်းအပျင်းကြောဆန့်နေစဉ် ။

အခြားတစ်ဖက်၌မူ Americaတွင်ကျောင်းပြီးသည်နှင့်သူငယ်ချင်းလေးယောက်အတူတူ၂နှစ်တိတိအလုပ်ဝင်လုပ်ခဲ့သောAmericaကဆေးရုံတွင်တစ်ဦးတည်းသောကျန်ရစ်နေခဲ့သော Taoနဲ့လူမျိုးချင်းတူသည့်Taoချစ်သူWu Yi FanမှTaoကိုပေးလိုက်သောချစ်သက်လက်ဆောင် သတိရလက်ဆောင်ဖြစ်သောTaoလည်ပင်းတွင်ဆွဲထားသောသံကွင်းလောက်ရှိသည့်ရွေဆွဲကြိုးတို့အားခပ်စွေစွေကြည့်နေသောLuhan ။

" Huang Zi Tao  မင်းလည်ပင်းကဟာတွေကိုလွယ်အိတ်ထဲပြန်ထည့်ထားလိုက်ရင်ကောင်းမယ်ထင်တယ်နော် မဟုတ်လို့ကတော့ ငါနိုင်ငံခြားကဘောလုံးပွဲ သွားကြည့်ဖို့အတွက် အရင်းအနှီးတစ်ခုဖြစ်ကောင်းဖြစ်သွားနိုင်တယ် "

" ဆုတောင်းလေ .. ဒါကငါချစ်တဲ့GeGeက ငါ့ကိုချစ်သက်လက်ဆောင် သတိရလက်ဆောင်အနေနဲ့ပေးလိုက်တာကွ မင်းဘောလုံးပွဲသွားကြည့်ဖို့အတွက်အရင်းအနှီးမဟုတ်ဘူး ဘောရူးသမင်စုတ်ရဲ့ "

" ဘာ !! .. ဘာဘောရူးသမင်စုတ်လဲ .. ငကြွားစိန်ပန်ဒါစုတ်ရဲ့ !! "

" ကိုယ့်မှာရှိတာကိုယ်ကြွားတာဘာဖြစ်လဲ ! "

ထုံးစံအတိုင်းတကြိတ်ကြိတ်ရန်ဖြစ်နေသောမတည့်အတူနေ Luhanတို့နှစ်ယောက်အားBaekhyunနှင့်JunMyeonတို့လက်ပိုက်ပြီးပြုံးကြည့်ရင်းသူတို့တာဝန်ကျသည့်ဆေးရုံမှအကြိုလွှတ်ပေးလိုက်သည့်ကားကိုသာရပ်စောင့်လို့နေမိသည် ။

တီ .. တီ !!

" နောက်ကျသွားလို့တောင်းပန်ပါတယ် ဆရာလေးတို့ ... ကားကလမ်းတစ်ဝက်မှာဘီးပေါက်သွားလို့ဘီးအသစ်
လဲနေတာနဲ့ .. "

" ရပါတယ် ဦးလေး .. ကျွန်တော်တို့နားလည်ပါတယ် အခုလိုလာကြိုပေးတာနဲ့တင်ကျွန်တော်တို့ဘက်ကကျေးဇူးတင်လှပါပြီ "

|| STRAWBERRY || 【SEASON - II】《COMPLETED》Where stories live. Discover now