🍓 єιgнт

8.5K 993 114
                                    


Idol Park Chanyeolနှင့် Moonဆေးရုံ၏အတော်ဆုံး ဆရာဝန်စာရင်းတွင်လအနည်းငယ်ဖြင့်ထိပ်ဆုံး၌ဗိုလ်စွဲလို့ထားသောနှလုံးအထူးကုဆရာဝန်Byun Baekhyunတို့နှစ်ယောက်အတူတစ်လကျော်တိတိပျောက်သွားသည့်သတင်းတို့သည်သူတို့နှစ်ယောက်အတူစတင်ပျောက်သွားသည့်နေ့မှစ၍Social Mediaအသီးသီးတို့ပေါ်တွင်ပလူပျံလို့နေသည် ။

ထို့အပြင်သူတို့နှစ်ဦး၏ကျောင်းတုန်းကချစ်သူတွေဖြစ်ခဲ့ကြသောသတင်းတစ်ချို့တို့ပါဓာတ်ပုံသက်သေအထောက်အထားအပြည့်အစုံတို့ဖြင့်တက်လာခဲ့ပြီး ရက်ပိုင်းလောက်အကြာတွင်မူနောက်ထပ်ထပ်မံ၍တီးတိုးထွက်လာခဲ့သောသတင်းသည်ကား Idol Park Chanyeolနှင့်နှလုံးအထူးကုဆရာဝန်Byun Baekhyunတို့နှစ်ဦးတို့ခိုးပြေးသွားကြသည်ဆိုသည့် သတင်းထွက်လာခဲ့သော်လည်း Idol Park Chan Yeolအား အားကြပေးသည့်Fanတို့မှာလျော့သွားခြင်းမရှိခဲ့သည့် အပြင်ယခင်ကထပ်ကိုမူပို၍ပင်တိုးပွားလာခဲ့သည် ။

ဒါ့အပြင်Chanbaek is realဆိုသည့်စာသားလေးသည်Idol Park Chanyeol၏Fandomဖြစ်သည့်Loeyတို့ပါးစပ်ဖျားတွင်ပြောစမှတ်တွင်လာခဲ့သည် ။ သို့နှင့်ပင်Idol Park Chanyeolနှင့်နှလုံးအထူးကုဆရာဝန် Byun Baekhyunတို့စုံတွဲသည် ယခုလက်ရှိ တောင်ကိုရီးယားနိုင်ငံတွင်ရေပန်းအစားဆုံးနှင့်အလိုက်ဖက်ဆုံးစုံတွဲဟုပင်လူအများ၏သတ်မှတ်ခြင်းကိုလည်း ခံကြရပေသည် ။

ခွပ် !!!

" ကိုကြီး ! "

ပါးပြင်ပေါ်သို့ကျရောက်ထိတွေ့လာသောအဖေဖြစ်သူ၏လက်သီးတစ်ချက်ကြောင့်ကြမ်းပြင်ထက်ဝယ်ပုံလျက်ပင်လဲကျသွားခဲ့ရသော Baekhyun ။ တစ်ဖန်ထပ်မံထိုးရန်ဟန်ပြင်နေသော အဖေဖြစ်သူ၏လက်အား အမေဖြစ်သူမှာလှမ်းဆွဲပြီးခါထုတ်ကာသူ့အရှေ့တွင်ဝင်ရပ်လိုက်သည် ။

" ဒီကောင်ရှေ့ကဖယ်စမ်းနဲ့ ငယ်လေး .. မိဘတွေနဲ့အစ်မကိုသူများတံတွေးခွက်ထဲမှာပက်လက်မျောရအောင်လုပ်တဲ့ကောင် မွေးရကျိုးမနပ်တဲ့သားမိုက် "

" ငယ်လေးမဖယ်ပေးနိုင်ဘူး ကိုကြီး "

" စိတ်ကိုထိန်းပါMr.Byunရယ် .. ဖြစ်ပြီးသွားတဲ့ပြဿနာမှာ တကယ်တမ်းအပြစ်ရှိသူကကျုပ်သားChanyeolပါ "

|| STRAWBERRY || 【SEASON - II】《COMPLETED》Where stories live. Discover now