🍓 fιfтєєи

8.3K 892 57
                                    


" စိတ်လှုပ်ရှားနေတာလား မောင်လေး "

မေးလိုက်သော သူမစကားအဆုံးဝယ်ခေါင်းလေးကိုတဆက်ဆက်ပြန်ပြညိတ်ပြလာသောမင်္ဂလာခန်းမထဲသို့ဝင်ဖို့အတွက်စိတ်လှုပ်ရှားနေသောမောင်ဖြစ်သူကိုကြည့်ပြီး သူမပြုံးမိသည် ။

ထို့နောက်ငယ်စဉ်ကတည်းကကိုယ်နဲ့မကွာအမြဲဆောင်ထားတတ်သည့် စတော်ဘယ်ရီသကြားလုံးဘူးလေးထဲကသကြားလုံးလေးတစ်လုံးကိုယူလိုက်လျက် သူမ အရှေ့တွင်မင်္ဂလာဝတ်စုံအပြည့်အစုံဖြင့်စိတ်လှုပ်ရှားနေသောမောင်ဖြစ်သူ၏ပါးစပ်ထဲသို့အသာလေးထည့်ပေးလိုက်ကာ ...

" စိတ်ငြိမ်သွားအောင်ငုံ့ထားလိုက် မောင်လေး "

သူမကျွေးသောသကြားလုံးလေးကိုငုံ့လျက်သူမကိုပြုံးမြဲသာပြုံးပြနေသောမောင်ဖြစ်သူ၏အပြုံးလေးတွေ ။ သူမမမြင်ရတာနှစ်နဲ့ချီပြီးကြာပြီမလို့လားမသိ ။ ယနေ့ သူမမြင်တွေ့နေရသောမောင်ဖြစ်သူ၏အပြုံးတို့သည် အရင်နေ့တွေကသူမကိုပြုံးပြသောအပြုံးတွေနှင့်မတူ ။ တမူထူးခြားပြီးပိုမိုလှပကာအသက်ဝင်လွန်းလှပေသည် ။

" လာ .. သားငယ် .. ဖေဖေတို့ခန်းမထဲဝင်ကြရအောင် "

တွဲချိတ်ရန်လက်မောင်းကမ်းပေးရင်းပြောလာသောဖခင်ဖြစ်သူအားခေါင်းလေးပြန်ညိတ်ပြလိုက်သောBaekhyun ။ ကမ်းပေးထားသောဖခင်၏ လက်မောင်း​လေးကိုပြန်ချိတ်တွဲလျက်သာယာသော တေးသံတို့ထွက်ပေါ်ရာမင်္ဂလာခန်းမထဲသို့ပင်စိိတ်လှုပ်ရှားနေသောနှလုံးသားနှင့်အတူသူထွက်လာခဲ့သည် ။

" သားငယ်Hyuneeလေးကိုကြင်နာမှုအပြည့်တွေနဲ့ အဖေ့အစားတစ်သက်လုံးစောင့်ရှောက်သွားပေးပါ "

ကြင်နာသူ၏လက်ထဲသို့သူ့လက်ကလေးတစ်ဖက်ကိုထည့်ပေးရင်းပြောလာသောအဖေဖြစ်သူMr.Byun၏စကားကြောင့်မျက်ရည်ဝဲမိသောသူ ။

အရည်လဲ့နေသောမျက်ဝန်းတစ်စုံဖြင့်အဖေဖြစ်သူ၏မျက်နှာအားစိုက်ကြည့်နေရာမှတစ်ချက် မျက်နှာချင်းဆိုင်သို့ အကြည့်လွဲလိုက်စဉ် တွေ့နေရသောသူ့လက်ကလေးအားပြန်လွတ်ထွက်သွားမှာကို သေမတက်ကြောက်ရွံ့နေသောပုံစံဖြင့် ခပ်တင်းတင်းလေးဆုပ်ကိုင်ပြီးလှပသောအပြုံးတို့ပြုံးပြဖူးပွင့်ပေးနေသော သူချစ်ရတဲ့ကြင်နာသူ ။

|| STRAWBERRY || 【SEASON - II】《COMPLETED》Where stories live. Discover now