🍓 тнιятєєи

8.4K 1K 43
                                    


" ရော့ .. သောက် "

ချပေးလိုက်သောဆန်ပြုတ်ပန်းကန်အားအသာတကြည်ယူ၍တိတ်တဆိတ်သောက်ပြနေသောသူ ။ လုပ်တုန်းကလုပ်ပြီး အခုမှသူများအပြစ်ဆိုမှာကိုဒူးတုန်အောင်ကြောက်ပြနေလိုက်တာ ။ သောက်မြင်ကပ်ချင်စရာ ။

" မင်းငါ့ကိုဘာမှပြောစရာမရှိဘူးလား Park Chanyeol "

လေသံမာမာဖြင့်ဆိုလိုက်သောသြဇာပြင်းလှတဲ့စကားသံပါဝါအဆုံး မတိုက်ထားပဲတိုက်တိုက်ဆိုင်ဆိုင် အကြည့်ချင်းဆုံသွားခဲ့သော သူ့မျက်ဝန်းဝိုင်းဝိုင်းလေး တစ်စုံ ။ မခုတ်တတ်တဲ့ကြောင်ပုံစံနဲ့လူကိုပြန်မော့ကြည့်တဲ့ပုံကိုမျက်ကြောကိုမတည့်ချင်စရာ ။

နှုတ်ခမ်းထူထူလေးကိုခပ်တင်းတင်းလေးစေ့ရင်းခေါင်းကိုဘယ်ညာခါရမ်းပြကာ ကျွန်တော့်အမေးကိုနှုတ်ဆိတ်ခြင်းနိယာမဖြင့်ဖြေပြလိုက်တဲ့ပုံကိုက တကယ့်ကို သရုပ်ဆောင်ပညာသားပါပါပေလွန်းသည် ။

" ဒါဆို မင်းငါ့ကိုမေးစရာတော့ရှိမှာပေါ့ဟုတ်တယ်မလား "

တင်းထားသောမျက်နှာထားအားတစ်ချက်မှမလျော့ ။ တင်းမြဲတင်းလျက်သာဆိုလိုက်သော ကျွန်တော့်အားရှေ့ကလိုပင်ခေါင်းထပ်ခါပြလာသောသူ ။

ဒါက ဘာလဲ ? ။ သူပဲကျွန်တော့်ကိုJunနဲ့ဖက်နေတာကို တွေ့ပြီး အထင်လွဲပြီးကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံခဲ့တာမဟုတ်ဘူးလား ? ။

အဲ့ဒါကို အခုသူအထင်လွဲနေတာတွေကိုအဖြစ်အမှန်ရှင်းရှင်းလင်းလင်းသိရအောင်ဖြေရှင်းပေးမယ်ဆိုမှ ဘာလို့ဘာမှမမေးပဲနှုတ်ပဲဆိတ်ပြနေရတာလဲ ? ။

အဓိပ္ပါယ်သိုဝှက်လွန်းတဲ့သူ့ဟန်ပန်အမူအယာတွေကို ကျွန်တော်ကပဲမလိုက်နိုင်တာလား ဒါမှမဟုတ် သူကပဲ အဓိပ္ပါယ်သိုဝှက်တဲ့နေရာမှာတော်နေလွန်းတာပဲ​လား မသိတော့ ။

" Park Chanyeol မင်းငါ့ကိုဘာဖြစ်စေချင်တာလဲ "

" ကိုယ်ဘက်ကနေမင်္ဂလာပွဲကိုပြန်ဖျတ်သိမ်းပေးမယ် "

" ဘာ ! ! ! မင်းခုနကဘာပြောလိုက်တယ် Park Chanyeol "

" အစကတော့ ကိုယ်အသက်ကလေးကိုဒုတိယအကြိမ်မဆုံးရှူံးနိုင်လို့အသက်ကလေးဆန္ဒမပါအတ္တကြီးပြီးအတင်းအဓမ္မသိမ်းပိုက်ခဲ့မိတာကိုမှန်တယ်လို့ထင်ခဲ့မိတယ် "

|| STRAWBERRY || 【SEASON - II】《COMPLETED》Where stories live. Discover now