🍓 тєи

8.5K 1K 53
                                    


တီ တီ !!!

အိမ်ပြန်နောက်ကျသောမောင်ဖြစ်သူအားကုမ္ပဏီကပါလာသောအလုပ်တို့ကိုလုပ်ရင်းစောင့်မျှော်နေသောSo Ri တစ်ယောက် ။ အိမ်ရှေ့မှကားဟွန်းတီးသံကြားလိုက်ရတာကြောင့်လုပ်လက်စအလုပ်တို့ကိုပစ်ချထားခဲ့ပြီးအိမ်ရှေ့တံခါးဝသို့အပြေးလေးအသွားတွေ့လိုက်ရသောမြင်ကွင်းလေးတစ်ခုကြောင့် သူမသဘောကျစွာပြုံးလိုက်မိသည် ။

" ဟော .. အဆိုးလေးကအိပ်တောင်ပျော်နေပြီကို "

Chanyeol၏လည်ပင်းသို့လက်တစ်စုံဖြင့်သိုင်းဖက်ထားပြီး Chanyeolရင်ခွင်ထဲသို့ခေါင်းလေးဖြင့်တိုးဝှေ့ကာအိပ်ပျော်နေသောမောင်ဖြစ်သူကိုကြည့်ရင်းဆိုလိုက်သော သူမစကားအဆုံး Chanyeolမှာ သူမအားအားနာသည့်အပြုံးတို့ပြန်ပြုံးပြလာလျက် ...

" Noonaမအိပ်သေးဘူးလား ! "

" အင်း ... မအိပ်သေးဘူး Chanyeollie .. အလုပ်တွေကလည်းမပြီးသေးဘူးဆိုတော့ .. ဒါနဲ့ .. မောင်လေးနဲ့ရော အဆင်ပြန်ပြေကြပြီလား "

" အဆင်မပြေဘူးလို့လည်းမဟုတ်ပါဘူး Noona .. ဒီအတိုင်း .. ကျွန်တော့်ကိုစိတ်ကောက်ပြီးတမင်စကားမပြောသေးတာလေးပဲရှိတာပါ "

" Noonaရဲ့မောင်လေးကတော့လေ .. တယ်လည်းချစ်သူအပေါ်ကိုကောက်နိုင်ဆိုးနိုင်လွန်းတဲ့အဆိုးကောက်စိန်လေးပဲ "

" အဲ့လိုဆိုးတာကောက်တာလေးတွေကြောင့်လည်း ကျွန်တော့်မှာတစ်နေ့တစ်နေ့အချစ်တွေတိုးတိုးနေရတာNoonaရဲ့ "

" အမလေးနော် .. တယ်လည်းလိုက်တဲ့အတွဲပါလားနော် .. တစ်ယောက်ကလည်းအသေပဲကောက်ပြသလောက် ကျန်တစ်ယောက်ကလည်းအသေပဲချစ်ပြနေလိုက်တာ အသည်းလို့တုန်လို့ "

" အဟက် .. Noonaမသိလို့ပါ ... Noonaရဲ့မောင်ကလေစိတ်ဆိုးစိတ်ကောက်ပြီဆို အရမ်းချစ်ဖို့ကောင်းတာဗျ .. အထူးသဖြင့် .. ကြောင်အမ်းအမ်းဖြစ်နေတဲ့အချိန်လေးတွေမှာဆိုပိုလို့တောင်ချစ်ဖို့ကောင်းသေးတယ် "

" ရှင်လေးတို့စိတ်ချမ်းရင်ကျွန်တော်မျိုးမစိတ်ချမ်းပါတယ်ရှင် ကဲ သွားပြီး အဲ့အဆိုးကောက်စိန်လေးကိုအခန်းထဲသွားပို့လိုက်ပါဦး ဟိုမှာ အိပ်မောကျလွန်းလို့ ဟောက်တောင်ဟောက်နေပြီရယ် "

|| STRAWBERRY || 【SEASON - II】《COMPLETED》Where stories live. Discover now