🍓 єνєи

8K 985 61
                                    

" ကျစ် ! ခေါင်းကိုက်လိုက်တာကွာ "

မနေ့ကMinseokမြှောက်ပေးပြီးအတင်းတိုက်လွှတ်လိုက်သောခပ်ပြင်းပြင်းအရက်သုံးခွက်ကြောင့် တစ်နေ့ကုန်နီးနီးခေါင်းကိုက်ဝေဒနာခံစားနေရသည်ကို မကျေမချမ်းဖြစ်ကာကိုယ်တာဝန်ယူထားရသည့်လူနာတွေရဲ့ဆေးစစ်ချက်အဖြေမှတ်တမ်းတို့အားစစ်ဆေးကြည့်ရင်းသူစုတ်သပ်လိုက်မိသည် ။

" ငဗြောင် "

" ဆို "

" Chanyeol Fan meetingရှိတယ်တဲ့ မင်းသိလား! "

ကြားလိုက်ရသောသူငယ်ချင်းဖြစ်သူ Taoအပြောစကားကြောင့်လူနာတွေရဲ့ ဆေးစစ်ချက်အဖြေမှတ်တမ်းတို့အားတစ်မျက်နှာချင်းလှန်ကြည့်နေမိသည့် သူ့ လက်တို့မှာရုတ်ချည်းပင်ရပ်တန့်သွားခဲ့သည် ။

" တကယ် ! ... ဘယ်မှာတဲ့လဲ Tao! "

" ငါတို့ဆေးရုံရဲ့မျက်နှာချင်းဆိုင်ကGenius Cafeဘေးကခန်းမဆောင်မှာတဲ့ကွ "

အချင်းချင်းအပြန်အလှန်ပြောဆိုနေကြသောသူငယ်ချင်းဖြစ်သူ Luhanနှင့်Taoတို့၏စကားတို့အား မသိမသာလေး သူနားစွန့်မိရင်း ကြည့်လက်စ လူနာတွေရဲ့ဆေးစစ်ချက်အဖြေမှတ်တမ်းတို့အားလုံးအားစုပြီးတွဲထားပေးသည့်ဖိုင်တွဲတို့မှစာမျက်နှာတို့ကိုစိတ်လွတ်စွာဖြင့်သူလျှောက်လှန်နေမိပြန်သည် ။

ထို့အပြင်တစ်ဖန်ပြန်၍နားထဲကြားယောင်လာမိသော မနေ့ကသူ့ဆီသို့တကူးတကလာပြီးတောင်းဆိုလာသောကြင်နာသူ၏မန်နေဂျာမလေး Na Youngရဲ့ စကားတို့ ။

• Oppaကသူ့Fan MeetingကိုBaekhyun ssiကိုအရမ်းလာစေချင်နေတာပါ •

~ သွားလိုက်ရင်ကောင်းမလား ? ဒါမှမဟုတ် .. မသွားပဲနေလိုက်ရင်ရောကောင်းမလား ? ~

မတင်မချဖြစ်နေသောအတွေးတို့ဖြင့်ကိုယ့်စိတ်ကိုကိုယ်ပြန်ကြီးစိုးနေမိသောသူတစ်ယောက်သတိမထားမိသည်မှာ သူ့အရှေ့မှောက်တွင်ရှိနေသောသူငယ်ချင်းဖြစ်သူနှစ်ယောက်မှာသူ့မျက်နှာ၏အမူအရာတို့အား အသေချာစိုက်ကြည့်ရင်း တိတ်တဆိတ်ကြိတ်အကဲခတ်ပြီးတစ်ယောက်ကိုတစ်ယောက်တံတောင်နဲ့တွတ်ကာ လျှိုဝှက်ပြီးအချက်ပြနေကြခြင်းပင် ။

|| STRAWBERRY || 【SEASON - II】《COMPLETED》Where stories live. Discover now