🍓 fσυя

8.6K 1K 204
                                    

" အမယ် ဘယ်သူ့ကောင်းကြောင်းကိုမှအာအညောင်းခံပြီးမပြောတတ်တဲ့ Min Ah Raတို့ရဲ့ပါးစပ်က ဒီတစ်ခေါက်ကျတော့ ဆန့်ကျင့်ဘက်စကားတွေထွက်လို့နေပါရောလား ပြောစမ်းပါဦး အဲ့ဒေါက်တာByunက အဲ့လောက်တောင်ပဲချောလို့လား ! "

" ချောတာမှပြောမနေနဲ့ ပြီးတော့ ယောကျ်ားဆန်တဲ့အပြင် ချစ်စရာလည်းကောင်းတယ်ဟ ပြောရမယ်ဆိုရင် Handsome typeရော Cute typeရော နှစ်မျိုးလုံး ပိုင်ဆိုင်ထားတဲ့ လုံးဝကိုPerfectကျလွန်းတဲ့Boyfriend Materialကြီးဟ "

ရွှန်းလဲ့တောက်ပနေသောမျက်ဝန်းတစ်စုံဖြင့်ပြောနေသောသူနာပြုAh Ra၏စကားအဆုံး မျက်ခုံးတစ်ချက်
ပင့်လိုက်မိသော သူနာပြုCho Rim ။

" မွှမ်းလှချည့်လားမမရယ် .. ဘာလဲ မမ .. မှန်မှန်လိမ် .. ရှင်လေး အဲ့ဒေါက်တာByunကိုကြွေသွားပြီမလား "

" ကြွေတာမှ ဖြုတ်ဖြုတ်ဖြုတ်ဖြုတ်တင်မကဘူး .. တစ်ခိုင်လုံးကိုအပြတ်ကြွေကျသွားတာအေ "

" ဟော့တော် "

" ကိုယ့်ကိုယ်ကိုယ်အရမ်းချောနေတယ်လို့မှတ်ယူပြီး မာနတွေခေါင်ခိုက်အောင်ကြီးပြနေပြီး ဘယ်သူ့ကိုမှမတူသလိုမတန်သလိုဆက်ဆံတဲ့အချေမမလို့နာမည်ပြောင်ပေးပြီးခေါ်ကြတဲ့နှလုံးအထူးကုဒေါက်တာ Bae Ma Riကိုနင်သိတယ်မလား ! "

" အင်း သိတယ်လေ .. ဒေါက်တာBae Ma Riကငါတို့ နှလုံးဌာနမှာရှိတဲ့အမျိုးသမီးဒေါက်တာတွေအထဲမှာ အတော်ဆုံးဒေါက်တာတစ်ယောက်လေ အဲ့ဒါ ဘာဖြစ်လို့လဲ ! "

" ဘာဖြစ်ရမှာလဲ .. ဆေးရုံအုပ်ကအဲ့အချေမမ​ဒေါက်တာBae Ma Riကိုဒေါက်တာByunရဲ့ လက်ထောက်ရာထူးအဖြစ်အထူးခန့်အပ်ပေးပြီးအဖွဲ့Aမှာ ပြောင်းနေခိုင်းတယ်တဲ့ "

" အဲ့တော့ .. ဘာဖြစ်လဲဟ! "

" ဘာဖြစ်ရမှာလဲ ငါ့ရဲ့အချေမင်းသားလေးByunကဆေးရုံကိုစစရောက်ခြင်းမှာပဲ သူ့ကိုကြိုဆိုနေတဲ့ ဒေါက်တာတွေအများကြီးအရှေ့မှာ ဒေါက်တာBae Ma Riကိုစိုက်ကြည့်ပြီး ဘာပြောလိုက်တယ်လို့ထင်လဲ ! "

" ဘာပြောလိုက်လို့လဲ ! "

" Sorryပဲ ငါ့အတွက်လက်ထောက်မလိုဘူးတဲ့ အားးး ချေသွားတဲ့ပုံလေးကို ငါလေးအရမ်းအရမ်းတွေချစ်ရလွန်းလို့သေတော့မှာပဲ "

|| STRAWBERRY || 【SEASON - II】《COMPLETED》Where stories live. Discover now