🍓 иιиєтєєи [fιиαℓ]

8.7K 749 55
                                    

ခံစားမိဖူးလား ? ။ ပျားရည်လိုချိုမြိန်ခြင်းသီးသန့်မရှိတဲ့ စတော်ဘယ်ရီလိုချိုချဉ်အရသာရှိတဲ့အချစ်ရဲ့အရသာကို ။

ခံစားဖူးတဲ့သူတွေကိုရော မခံစားဖူးတဲ့သူတွေကိုရောတစ်ခုတော့ပြောပြချင်တယ် ။ ခင်ဗျားတို့သိထားတဲ့အချစ်ဆိုတဲ့စကားလုံးက စာလုံးနှစ်လုံးသာရှိပေမယ့်အဓိပ္ပါယ်ကမတိုတောင်းတဲ့အပြင် သိပ်ရိုးရှင်းမနေဘူး ။

အချစ်ဆိုတဲ့နှလုံးသားနဲ့ရွေးချယ်လိုက်တဲ့လမ်းက ။ လူတစ်ချို့အတွက်ပျားရည်လိုချိူမြိန်ကောင်းလည်း ချိုမြိန်နေလွန်းမည် ။ ခါးတမာလိုခါးသက်ချင်ကောင်းလည်း ခါးသက်နိုင်မည် ။ စတော်ဘယ်ရီလိုချိုတစ်လှည့်ချဉ်တစ်လှည့်လည်း ဖြစ်ကောင်းဖြစ်နိုင်လိမ့်မည် ။

ဒီကမ္ဘာကြီးပေါ်မှာနေထိုင်ကြတဲ့လူသားတိုင်းကအချစ်ဆိုတဲ့အရာနဲ့ကင်းနိုင်တဲ့သူဆိုတာခပ်ရှားရှားရယ် ။ အချစ်ကြောင့်ပျော်ရွင်ရသလို အချစ်ကြောင့်ပဲနာကျင်ကြရသည် ။

အကြောင်းအမျိုးမျိူးနဲ့ဖန်တီးထားတဲ့အချစ်ဆိုတဲ့ ခေါင်းစဉ်အသီးသီးရဲ့အောက်မှာဖြစ်ပေါ်လာတတ်တဲ့ လမ်းတိုင်းမှာ ခင်ဗျားတို့ရဲ့နုငယ်တဲ့နှလုံးသားလေး မနာကျင်စေချင်ဘူးဆိုရင်တစ်ခုပဲ ။ ခင်ဗျားတို့ရဲ့နုငယ်နေတဲ့ နှလုံးသားလေးတွေလမ်းအမှန်ကိုရွေးတတ်ဖို့အတွက် ခင်ဗျားတို့ကိုယ်တိုင်အထူးလေ့ကျင့်ပေးဖို့ပဲလိုသည် ။

" ဟာ .. သွားကွာ .. သွား ! ! ! "

ကုတင်ဘေးကအဝတ်ပုံကြားထဲနှုတ်ခမ်းဆူကာရွှေစိတ်တော်ကောက်၍အမျက်ဒေါသထွက်နေသောဗိုက်ပူလေးကို အခန်းတံခါးဘောင်လေးကိုမှီလျက်လက်အစုံပိုက်ကာChanyeolပြုံးပြုံးကြီးရပ်ကြည့်မိသည် ။

သူငယ်ချင်းဖြစ်သူMinseokရဲ့မင်္ဂလာပွဲကိုသွားဖို့အဝတ်ရွေးလိုက်ခြင်းဖြစ်စဉ်လေး ။ ကုတင်ဘေးတွင်အဝတ်ပုံအသွင်ဖြစ်ပေါ်လို့သွားလေရဲ့ ။

တဖြေးဖြေးပူထွက်ကာလရင့်လို့မွေးချိန်ရက်နီးကပ်နေသည့်ဗိုက်ကြောင့်စတိုင်ကျကျအဝတ်စားတို့မှာပူထွက်နေတဲ့ဗိုက်ကလေးတစ်လုံးကြောင့် ဝတ်မရကာ ။ ပုံမကျပန်းမကျအင်္ကျီပွပွ ဘောင်းဘီပွပွကြီးသာဝတ်ဆင်လို့ရတော့မယ့်အတွက်ကြောင့်Baekhyunတစ်ယောက်အကြီးအကျယ်ကိုတင်းမိသည် ။

|| STRAWBERRY || 【SEASON - II】《COMPLETED》Onde as histórias ganham vida. Descobre agora