🍓 єιgнтєєи

6.4K 812 96
                                    


" တကယ်ကြီးလားKyung Soo .. နောက်ဆုံးတော့ .. မင်းJonginကိုအဖြေပြန်ပေးလိုက်ပြီပေါ့ ! "

တအံ့တသြနဲ့မျက်လုံးပြူးမျက်ဆန်ပြူးနဲ့မေးလာသောLuhanအား Kyung Sooခေါင်းသာတဆက်ဆက်ပြန်ညိတ်ပြလိုက်သည် ။

နောက်ဆုံးတော့ ဇွဲကောင်းတဲ့ကျွန်တော့်တို့ရဲ့လူပျိုသိုးလေး အမောင်Jonginတစ်ယောက် ။ အိုဇာတာပါခဲ့ပြီလေ ။

" Con Conပါ ငါ့ကောင်ကြီး Jongin ... ၁၉၉ကြိမ်ငြင်းခံထားရတာကိုဇွဲမလျော့ပဲမရရအောင်လိုက်နိုင်လို့ ငါမင်းကိုချးကျူးတယ်ကွာ "

" အဟက် .. ငါ Jonginပါကွာ ... မပိုင်ရင်ခြင်မပြောနဲ့ .. ယင်ကောင်တောင်မရိုက်ဘူး .. လက်နာလို့ "

ပခုံးဖက်ပြီးချီးကျူးစကားပြောနေသောTaoအားမှိုရနေတဲ့မျက်နှာထားနဲ့လက်တစ်စုံကိုပိုက်ကာမေးမော့၍ဝံ့ဝံ့ကြွားကြွားလေကြီးလေကျယ်ဆိုနေသောJongin ။

တယ်လည်းနည်းနည်းလေးမှစကားအကောင်းပြောပြီးချီးကျူးလို့ကိုမရဘူး ။ ကိုယ့်ကိုယ်ကိုယ်အထင်ကြီးတဲ့ငလုရဲ့ချစ်လင်ကြီးအချေကောင်ငဆယ်အနားများအနေနီးသွားလွန်းလို့လားမသိ ။

ကိုယ့်ကိုယ်ကိုယ်သိပ်ထင်ကြီးပြနေတာ ။ ပင်ကွင်း မျက်စောင်းမကြောက်ဘာမကြောက်နဲ့ ။ ဟိုပင်ကွင်းက စိတ်မထင်ပဲပေးပြီးသားအဖြေကိုပြန်သိမ်းလိုက်မှမျက်ရည်နဲ့မျက်ခွက်ဖြစ်မှာမြင်ယောင်သေး ။

" ဒါနဲ့ စကားမစပ် .. ငဗြောင် "

ကြွားလုံးထုတ်နေသောJonginကိုကြည့်ပြီးခေါင်းတခါခါနဲ့ ကျွန်တော့်ဘက်သို့မျက်နှာမူကာခေါ်လာသော KyungSooအား'ဘာလဲ'ဆိုသောသဘောဖြင့်ကျွန်တော်မေးဆက်ပြလိုက်သည် ။

" Chanyeolရော ? .. Singaporeကပြန်မလာသေးဘူးလား .. ဘယ်နေ့ပြန်လာမှာတဲ့လဲ ? "

" မနက်ဖြန်မဟုတ်ရင်သဘက်ခါလောက်ဆိုရင် ပြန်ရောက်လောက်မယ်တဲ့ .. ဟိုမှာ Concertပြီးတာနဲ့ Magazineအတွက်ဓာတ်ပုံရဦးမှာဆိုတော့ .. "

|| STRAWBERRY || 【SEASON - II】《COMPLETED》Where stories live. Discover now