🍓 ѕєνєи

8.1K 966 109
                                    


• သား မေမေ့ကိုဘာပြောမလို့လဲ ! •

• သားမေမေ့ကိုပြောပြီးပြီလေ .. သားဒမင်္ဂလာပွဲကို လက်မခံနိုင်ဘူးလို့ •

• လက်မခံလို့မရတော့ဘူးသား .. သားမြင်တဲ့အတိုင်းပဲ .. မေမေအားလုံးစီစဉ်ပြီးပြီမို့ သားလက်ကိုလက်ခံရမယ် •

• မေမေ ! ! •

• သားမှာစာနာတရားမရှိဘူးလား ဟမ် ! ! •

• .................. •

• မိန်းကလေးတစ်ယောက်ကစေ့စပ်ထားပြီးလို့ အဲ့စေ့စပ်ထားတဲ့လူနဲ့လက်မထပ်ရင်ဘယ်လောက်တောင်ပတ်ဝန်းကျင်မှာအရှက်ရလိုက်မယ့်ဖြစ်ခြင်းကဲ့ရဲ့လိုက်ကြမယ့်ဖြစ်ခြင်းဆိုတာကိုသားမသိတာလား ! •

• ဒါပေမယ့် ... သားလက်မခံနိုင်ဘူးမေမေ •

• Park Chan Yeol ! ! မင်းလက်ခံခံလက်မခံခံမေမေကတော့မေမေဖြစ်ချင်တဲ့ဆန္ဒအတိုင်း ဒီလက်ထပ်ပွဲကို
ပြီးမြှောက်အောင်လုပ်ကိုလုပ်ရမှာပဲ .. အဲ့ဒါကြောင့် မင်း မေမေ့ကိုထပ်ပြီးအထွန့်တက်ပြဖို့မစဉ်းစားနဲ့ "

" ကောင်းပြီလေ .. မေမေတောင်သားဘက်ကိုတစ်ချက်လေးတောင်ငဲ့မကြည့်ပေးပဲမေမေဖြစ်ချင်တာကိုမေမေဖြစ်အောင်လုပ်နေသေးတာပဲ သားလည်းမေမေ့လိုပဲမေမေ့ဘက်ကိုငဲ့ကြည့်ပေးစရာမလိုတော့တာကြောင့် သားလည်းသားဖြစ်ချင်တာကိုတဇွတ်ထိုးလုပ်ရတော့မှာပေါ့ •

• Park Chan Yeol ! ! •

• ကျေးဇူးတင်ပါတယ် မေမေ .. မလုပ်မိအောင်စိတ်ကမနည်းထိန်းချုပ်ထားရတဲ့သားလုပ်ချင်တဲ့သားဖြစ်ချင်တဲ့ဆန္ဒတွေကို အခုလိုတဇွတ်ထိုးလုပ်နိုင်ဖို့အရေးဖိအားတွေပေးခဲ့တဲ့အတွက် •

" မင်းအခုငါ့ကိုဘယ်ခေါ်သွားမလို့လဲ Chanyeol "

အတွေးထဲစိတ်လွင့်နေချိန် ရုတ်တရက်ကြားလိုက်ရသောချစ်ရသူ၏အမေးစကားသံလေးကြောင့်လက်ရှိ ပစ္စုန်ပ္ပန်သို့အသိစိတ်ပြန်ကပ်လာခဲ့သောကျွန်တော် ။

နှလုံးသားရှိသည့်နံဘေးဘက်သို့ကားမောင်းနေရင်းမျက်နှာလေးတစ်ချက်လှည့်ကြည့်လိုက်တော့ ကျွန်တော့်နှုတ်ကပြန်ဖြေပေးမည့်အဖြေအားစောင့်မျှော်နေသောချစ်ရသူ ။

|| STRAWBERRY || 【SEASON - II】《COMPLETED》Where stories live. Discover now