🍓 тняєє

8.8K 1K 129
                                    


• မပြုံးနဲ့ •

• ဘာလို့လဲ ! •

• ရင်ခုန်လို့ •

• ဟမ်!! •

• ငါ့ရင်တွေတားမရအောင်ခုန်နေလို့ ရူးတော့မယ် •

• Noonaမဟုတ်ဘူး ... မင်းကို .... ငါ့နှလုံးသားက  •

• ချစ်တယ် Baekhyunee •

• ဒီနေ့ဘာနေ့လဲဆိုတာ မင်းသိလားChanyeol •

• ငါတို့လမ်းခွဲကြရအောင် Baekhyunee •

" ဟင့်အင်း ! ! ! "

ချွေးတသီးသီးနှင့်အိပ်မက်ဆိုးမှနိုးထလာခဲ့သော ကျွန်တော် ။ ချွေးစို့နေသောနဖူးပြင်လေးအားလက်ဖဝါးဖြင့်ဖိကိုင်၍သီးထနေသောချွေးစတို့အားပွတ်သပ်ချလိုက်ပြီးနောက် မောဟိုက်နေသောရင်တစ်ဖိုအားကျန်လက်တစ်ဖက်ဖြင့်ဖိကပ်လျက်ကုတင်ဘေးရှိမီးအိမ်ခုံပေါ်တွင်တင်ထားသောနာရီကိုတစ်ချက်စောင်းငဲ့ကြည့်လိုက်တော့အချိန်သည်ကားည၁၁နာရီ ။

ထုံးစံအတိုင်းညစဉ်ညတိုင်းအိပ်မက်ဆိုးသယောင်အစွဲပြုကာ အမြဲမက်တတ်သောသူနှင့်ချစ်ခဲ့တဲ့အတိတ်မှပျော်ရွှင်ခြင်းနှင့်ဝမ်းနည်းခြင်းတို့ရောယှက်နေသောအမှတ်တရများ ။

အခုအချိန်မှာတော့ ထိုအမှတ်တရများသည်ကျွန်တော့်အတွက်တော့ အလွမ်းသဖွယ်မေ့ဖျောက်လို့မရတဲ့ အတိတ်ဆိုးတစ်ခုလိုပင် ။

ဖွယောင်းနေသောဆံပင်တို့အားလက်ချောင်းတို့ဖြင့်ထိုးဖွရင်းအမောပြေရေသောက်ရန်မီးအိမ်ခုံပေါ်တွင်ရှိသော ရေဘူးအားတစ်ချက်လှမ်းကြည့်လိုက်တော့ရေကမရှိ ။

စိတ်ပျက်လက်ပျက်ဖြင့်ပါးစပ်မှလေပူတစ်ချက်မှုတ်ထုတ်ကာမီးအိမ်ခုံပေါ်ကရေမရှိသည့်ရေဘူးကိုလှမ်းယူပြီးရေသောက်ရန်အောက်ထပ်သို့သာဆင်းလာခဲ့မိသည် ။

" ဒီအချိန်ထိမအိပ်သေးဘူးလား မောင်လေး ! "

အောက်ထပ်ကမီးဖိုချောင်ထဲသို့ရောက်သည်နှင့်လက်ထဲကကိုင်ထားသောရေဘူးအားအနီးအနားတွင်ရှိသော ခုံပေါ်၌တင်ကာရေခဲသေတ္တာတံခါးအားအသာဆွဲဖွင့်ပြီး ရေဘူးတစ်ဘူးကိုယူကာမော့သောက်နေစဉ် ရုတ်တရက်အနောက်မှကြားလိုက်ရသော အမေးစကားသံကြောင့်ရေသောက်နေသည့်အလုပ်အားရပ်၍ အနောက်သို့သမင်လည်ပြန်လေးလှည့်ကြည့်လိုက်တော့ ကျွန်တော့်အားပြုံး၍ရပ်ကြည့်နေသောအိမ်ပြန်ရောက်ကတည်းကအကြောင်းအမျိုးမျိုးတို့ကြောင့်မျက်နှာချင်းဆိုင်မဆုံဖြစ်သေးသောNoonaအားတွေ့လိုက်ရသည် ။

|| STRAWBERRY || 【SEASON - II】《COMPLETED》Where stories live. Discover now