🍓 иιиє

8.3K 961 31
                                    



" Morning အသက်ကလေး "

အခန်းတံခါးဖွင့်လိုက်သည်နှင့်အခန်းတံခါးရှေ့တွင်ခြေစုံရပ်၍လက်ကလေးတစ်ဖက်ထောင်ပြကာအပြုံးတွေဖြင့် နှုတ်ဆက်လိုက်သောသူ့ကိုတွေ့သည်နှင့်ချက်ချင်းဆိုသလိုဖြောင့်တန်းနေသောမျက်ခုံးတစ်စုံအား လှပစွာတွန့်ချိုးချလိုက်သောချစ်ရသူ ။ ထုံးစံအတိုင်း နှုတ်မှသူ့အတွက်စကားတစ်ခွန်းမှမဟပဲ မျက်စောင်းတခဲခဲနဲမျက်နှာချင်းဆိုင်တွင်ရပ်နေသည့်သူ့ပခုံးကိုဆောင့်တိုက်သွားပြီးအိမ်အောက်ထပ်သို့ပင်ဆင်းသွားခဲ့လေသည် ။

တစ်လကျော်ကျော်ရှိပြီ ။ သူ့ချစ်ရတဲ့ချစ်ရသူလေး အရင်လို သူ့ကိုစကားမပြောတော့တာ ။ သူခိုးပြေးခဲ့တဲ့နေ့ကလွဲပြီးကျန်တဲ့နေ့ရက်တွေမှာနှစ်ယောက်သားနီးနီးကပ်ကပ်အတူရှိနေရသော်လည်း သူ့အားလေကဲ့သို့နှယ်သဘောထားပြီးချစ်ရသူမှာ မိမိကိုယ်တိုင်ကိုယ်ကပင်ဆွံ့အနေသည့်လူအသွင်နေနေသည်မှာသည်တစ်နေ့နှင့်ဆိုလျှင်ဖြင့်တစ်လကျော်လို့ နှစ်လနီးနီးပင်ရှိခဲ့ပြီ ။

" အသက်ကလေး ခဏ "

အိမ်အပြင်ဘက်သို့ရောက်နှင့်နေသောချစ်ရသူ၏လက်ကလေးအားအနောက်မှသူတစ်ချက်လှမ်းဆွဲလိုက်ပြီးဟန့်တားလိုက်သောသူ့ဟန့်တားမှု၏တန်ပြန်သက်ရောက်မှုသည်ကား ချစ်ရသူလက်ကိုလှမ်းကိုင်လိုက်သော သူ့လက်အားချစ်ရသူထံမှပြန်ခါထုတ်ချခံလိုက်ရခြင်းပင် ။

မျက်နှာထက်သို့မဖိတ်ခေါ်ပဲကျရောက်လာသည့်စူးစူးစိုက်စိုက်ကြည့်လာသောချစ်ရသူ၏မကျေအကြည့်တို့အားသူတခဏလျစ်လျူရှုလျက် ချစ်ရသူအရှေ့၌မုဆိုးဒူးထောက်ထိုင်ချလိုက်လျက် ပြည်လျော့နေသော ချစ်ရသူ၏ဘယ်ဘက်ခြေထောက်ကဖိနပ်ကြိုးလေးအားပြန်ချည်ပေးဖို့ သူ့လက်အရွယ် အနောက်သို့ သိသိသာသာလေး ဆုတ်သွားခဲ့သောချစ်ရသူ၏ဘယ်ဘက် ခြေထောက်လေး ။

သူဖိနပ်ကြိုးချည်ပေးဖို့ကိုလက်သင့်မခံပဲသူ့အရှေ့ကနေကျောခိုင်းထွက်သွားဖို့လုပ်နေသော ချစ်ရသူရဲ့လက်ကလေးအား ပြန်ဆုပ်ကိုင်လိုက်ပြီး သူ့အရှေ့သို့ယခင်ကလို ပြန်ရပ်စေကာ ချစ်ရသူ ဘယ်ဘက်ခြေထောက်မှ ပြည်လျော့နေသောဖိနပ်ကြိုးလေးအား အသေအချာပင် သူပြန်ချည်ပေးနေမိသည် ။

|| STRAWBERRY || 【SEASON - II】《COMPLETED》Where stories live. Discover now