Chapter-1

20.5K 842 26
                                    

ဟန်ကျန့် တစ်ယောက် အခန်းထဲဝင်လာတယ်ဆိုရင်ပဲ ဝေ့လျန် က ဟန်ကျန့် ထံ ခြေဆုံးခေါင်းဆုံးကြည့်ပြီး

"အယ် ရှောင်ကျန့် မင်းအချိန်ပိုင်းအလုပ်တစ်ခုလိုတယ်ဆို''

ဟန်ကျန့်က စာကြည့်စားပွဲပေါ် လွယ်အိတ်ကိုတင်လိုက်ရင်း ဝေ့လျန် ထိုင်နေရာဘက်လှည့်ကာ

"အင်းလေ ဘာလဲ အလုပ်ရှိလို့လား''

"ဖိုတိုဂရပ်ဖာ တစ်ယောက်ဆီမှာ အချိန်ပိုင်းအမျိုးသားမော်ဒယ်လ်အလုပ်ရှိတယ် မင်းလုပ်မလား''

အလုပ်ကတော့ သက်တောင့်သက်သာပဲ။
ဒါပေမယ့်လို့ ဟန်ကျန့်လို ဟန်ဟန်ပန်ပန်မရှိ ပုံရိုးရိုးကြီးနဲ့စမတ်မကျတဲ့ တောသားကျောင်းသားတစ်ယောက်အဖို့ ဖိုတိုမော်ဒယ်လ်ဆိုတဲ့
အလုပ်က ဘယ်လိုမှ အံဝင်ခွင်ကျလို့မမြင်။

ပြီးတော့ ဟန်ကျန့်က ရိုးရိုးသာမာန်ဓာတ်ပုံရိုက်ဖို့တောင် ဘယ်လိုကိုယ်နေထားရမလဲမနေတတ်။

ရှိနေတဲ့လက်နှစ်ဖက်ကအဆိုးဆုံး။
ဘယ်နားပို့ထားရမလဲ မဝေခွဲတတ်။

ကင်မရာနဲ့ချိန်နေတာကြာရင်လည်း ရှက်လာတတ်။
ကင်မရာရှေ့မှာ အဓိပ္ပါယ်မဲ့ပြုံးဖို့ကအလွန်ခက်။

တွေးကြည့်ရင် ဖြစ်နိုင်ခြေ တစ်ကွက်မှမတွေ့။

"မဖြစ်နိုင်ဘူးနဲ့တူတယ်ကွာ ငါနဲ့မကိုက်ဘူး တစ်ခြားအရောင်းဝန်ထမ်းလေးဘာလေး.....''

"ဘာလို့မဖြစ်နိုင်ရမှာလဲ ဒါက အချိန်ပိုင်းနဲ့တူတူတန်တန်ရမယ့်အလုပ်နော်
မင်းပြောတဲ့အလုပ်တွေက စာကျက်ချိန်၊အိပ်ချိန်ထဲကတောင်ဖဲ့ပြီးပင်ပင်ပမ်းပမ်းလုပ်မှ ဘယ်လောက်ရမှာလဲ''

"ဒါပေမယ့်...''

ဝေ့လျန် ကအတင်းလက်ကာလျက်

"ဒါပေမယ့်မနေနဲ့ ငါ  ရှင်းGe ဆီ မင်းပုံပြထားတာ သူက လက်ခံတယ်''

"ရှင်းGe.?''

"ရှင်းGe က သိပ်ဂျီးများတဲ့လူနော် ငါပို့လိုက်တဲ့ ကျား၊မပုံ ၃၈ပုံမှာမှ မင်းကိုရွေးလိုက်တာ''

"ဟင် မင်းက ငါကတောင်သဘောတူလား မတူလားမသိပဲနဲ့' တစ်ခြား၃၇ယောက်ကရော ဘယ်သူတွေလဲ သူတို့ကရော လိုလိုလားလားသဘောတူပြီးမင်းကိုဓာတ်ပုံတွေပေးထားတာလား''

星野 ရှင်းရယ်/ရှင်းရယ်(Completed)Where stories live. Discover now