ကျန်းချန် ကုတင်စွန်းမှာထိုင်နေလျက် ဘာရယ်မဟုတ် တစ်ဖက်ကုတင်ပေါ်မှာအိပ်မောကျနေသော ဝေ့လျန်ဆိုတဲ့ကောင်လေးထံကြည့်နေမိသည်။
ပျော့ခွေကျနေသော ရှောင်ကျန့်ဆိုသည့်ကောင်လေးကိုပွေ့သယ်ကာ ကျန်းချန်ထံ တစ်ချက်မှလှည့်မကြည့်ပဲ ကျောခိုင်းသွားသော ရှောင်ရယ့်နောက်ကျောကိုကြည့်ပြီး ရှောင်ရယ့်ကိုအပြီးဆုံးရှုံးလိုက်ရသလိုခံစားနာကျင်မိသည်။
တစ်ချိန်က မျက်ရည်အရွှဲသားနဲ့ ကျန်းချန်အကျီ င်္ကော်လံစကိုဆွဲကာ
"Geဘာလို့မပြတ်မသားလုပ်နေရတာလဲ...အခုကျယ်ကျယ်နဲ့စေ့စပ်တော့မယ်ဆိုတော့ကျွန်တော်ကဘာလဲ...Ge အမေကိုရှင်းရှင်းလင်းလင်းမပြောနိုင်ဘူးလား''
"ရှောင်ရယ်...ကိုယ့်အမေကိုကိုယ်မလွန်ဆန်ရဲဘူးအချစ်ရယ်...ဒါပေမယ့်လေ ကိုယ်မင်းကိုပဲချစ်တာပါ
မားကျေနပ်အောင် ရှင်းလိနဲ့စေ့စပ်လိုက်ပါရစေ ကိုယ်သူ့ကိုတစ်ချက်မှမထိပါဘူး မင်းနဲ့ပဲ...''"ဘာ...ခင်ဗျားနဲ့စေ့စပ်မှာဘယ်သူများမို့လို့လဲ...ကျွန်တော့်အစ်မဗျ ကျွန်တော့်ရဲ့တစ်ဦးတည်းသောအစ်မ ကျွန်တော့်အစ်နောက်ကျောကိုကျွန်တော်ကဓားနဲ့ထိုးပြီး ခင်ဗျားနဲ့ဖောက်ပြန်နေရမှာလား ခင်ဗျားမှာကိုယ်ချင်းစာတရားရောရှိရဲ့လား''
"ရှောင်ရယ်ရယ်..ကိုယ်မစဉ်းစားတတ်တော့ဘူး မင်းကိုတော့ကိုယ်မစွန့်လွှတ်နိုင်ဘူး''
ထိုစဉ်က ရှောင်ရယ်ကြည့်တဲ့အကြည့်တွေဟာ အခုကျန်းချန်ရင်ထဲခံစားရတဲ့နာကျင်မှုတွေထက် ပိုနေလိမ့်မည်ဆိုတာမလွဲ
"လိလိ..ရှောင်ရယ်လည်းမတွေ့ပါလား''
စေ့စပ်ပွဲအခမ်းအနားအလယ်အလှဆုံးဖြစ်နေသောရှောင်လိက ပြုံးပြုံးလေးဆိုသည်။
"သြော်..ရှောင်ရယ်လား လေဆိပ်ဆင်းဖိုပြင်ဆင်နေတယ်လေ''
"လေဆိပ် ဘာအတွက်လဲ''
"ရှင်မသိသေးဘူးလား ရှောင်ရယ် အီတလီမှာဓာတ်ပုံပညာသွားသင်မလို့လုပ်ထားတာလေ''
"ဘာ...''
ကျန်းချန် ချက်ချင်းပဲပြေးထွက်လာခဲ့မိသည်။
ရှင်းလိ ဘယ်လိုအကြည့်တွေနဲ့ကျန်ခဲ့လဲ မတွေးခဲ့မိတာက ကျန်းချန်အမှား
YOU ARE READING
星野 ရှင်းရယ်/ရှင်းရယ်(Completed)
Romanceဒီထဲကဇာတ်ကောင်တွေက အပြင်မှာတကယ့်real coupleပါ။ ကျွန်တော်က xing ye fanဖြစ်လို့ သူတို့အကြောင်း Own creation fiction ရေးဖြစ်တာပါ။ Story ကတော့ fic ပါပဲ။