Chapter-9

4.8K 526 21
                                    

ရှင်းGe ဝင်စရာရှိသေးတယ်ဆိုတဲ့နေရာဟာ ပါးပေါင်ရှန်း( 八宝山)သချိုင်္င်းလို့ ဟန်ကျန့်မထင်ခဲ့မိ။

ရှင်းGe ဝင်စရာရှိသေးတယ်ဆိုတဲ့နေရာဟာ ပါးပေါင်ရှန်း( 八宝山)သချိုင်္င်းလို့ ဟန်ကျန့်မထင်ခဲ့မိ။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


ရှင်းGe ရဲ့မိဘတွေရှိလို့လား..ဒါမှမဟုတ် ရုတ်တရတ် အမှတ်တရဖြစ်သွားစရာဘယ်သူများလှဲလျောင်းနေလို့လဲ။

တည်ငြိမ်စွာနဲ့ကားကိုတစ်လှိမ့်ချင်းမောင်းဝင်သွားတဲ့ ရှင်းGeဘေးကနေ ဟန်ကျန့်မေးမြန်းနှောက်ယှက်ခြင်းတစ်စုံတစ်ရာမပြုပဲ ငြိမ်ငြိမ်လေးသာလိုက်ပါလာမိသည်။

"ရှောင်ကျန့် ကားပေါ်မှာနေခဲ့ချင်လား ကိုယ်ခဏဆင်းလိုက်ဦးမယ်''

ရောက်လာပြီးမှတော့ ရှင်းGeဘယ်သူ့ဆီလာတာလဲမသိချင်ပဲနေပါတော့မလား။

"လိုက်လို့ရလားGe''

"အွန်း...''

ဟန်ကျန့်သွက်လက်စွာပဲ ခါးပတ်ကိုဖြုတ်ကာ လိုက်ဖို့ပြင်သည်။

မှတ်တိုင်လမ်းမြောင်လေးတွေကြား ရှေ့မလှမ်းမကမ်းမှလျှောက်လှမ်းနေသော စည်းနှောင်ထားသည့်ဆံနွယ်ရှည်ပိုင်ရှင်ရဲ့ မြင့်မားသောအရပ်၊ ကျယ်ဝန်းသောပုခုံးပြင်ကိုကြည့်၍ ဟန်ကျန့် ပိုလို့ ပိုလို့တိမ်းညွတ်နေရသည်။

ရှင်းGe ရပ်သွားသည်နှင့် ဟန်ကျန့်လည်း ရှင်းGeရှေ့ရှိကဗျည်းတိုင်ကို ဖတ်ကြည့်လိုက်သည်။

"ဟွမ်ရှင်းလိ
24နှစ်
2011ခုနှစ်တွင်ကွယ်လွန်သည်''

ဒါဖြင့် ရှင်းGe မိဘတွေဘယ်ဟုတ်မလဲ။

ပိုသေချာတာက ကဗျည်းတိုင်ပေါ်ရှိဓာတ်ပုံဟာ
ရှင်းGe နဲ့ ရုပ်ချင်းခွဲမရချင်အောင် တူလွန်းသည့်
မိန်းမလှတစ်ယောက်ပုံ။

星野 ရှင်းရယ်/ရှင်းရယ်(Completed)Where stories live. Discover now