Chapter-27

4.6K 543 43
                                    

"ရှောင်ကျန့် ကြက်သွန်တွေကမွှန်လို့လား မျက်ရည်တွေကျလို့''.

ရှင်းGe အကြောင်းတွေးမိရင်း ကြက်သွန်သင်နေရာက ဘယ်လိုကဘယ်လိုမျက်ရည်ကျနေမိမှန်း ကိုယ့်ဟာကိုယ်တောင်မသိ။
မားပြောမှပဲ အမြန် မျက်လုံးကိုပွတ်မိတော့

"အား...စပ်တယ်''

"ဟဲ့ ကြက်သွန်တွေကိုင်ထားတဲ့လက်ကြီးနဲ့မျက်လုံးသွားပွတ်မှတော့ စပ်ပြီပေါ့..သွားသွား မခွာနဲ့တော့ ရေသွားဆေး ဒီကောင်လေး ဒီတစ်ခေါက်ပြန်တာတာ ဘာတွေဖြစ်နေမှန်းကိုမသိဘူး ''

"မားရဲ့သား ရည်းစားပူမိလာတာနေမှာပေါ့ မနေ့ကလည်း ခေါက်ဆွဲလုပ်တာအကုန်ပြတ်လို့ ပစ်လိုက်ရတယ်''

"အေး ဒီကလေး တစ်ခုခုတော့ တစ်ခုခုပဲ ''

ဟန်ကျန့် ရေချိုးခန်းထဲကနေ မားနဲ့ကျယ်ကျယ်ရဲ့အသံတွေကြားနေရသည်။
အခုဆိ ဟန်ကျန့် ရွာပြန်ရောက်နေတာ တစ်ပတ်ရှိပြီ။
ရှင်းGe ဆီကဖုန်းလည်းမလာ။ဝေ့လျန် ဖုန်းလည်းစက်ပိတ်ထားသည်။
ရှင်းGe တစ်ယောက် တကယ်ပဲ ဟုန်ကျန်းချန်ရဲ့ရင်ခွင်ထဲပြန်ရောက်သွားတာလား ဆိုတာတွေးမိလေ ဝမ်းနည်းစိတ်က တလိပ်လိပ်တက်လာလေ။

ညဘက်တွေဆိုလည်း စိတ်တွေပူလောင်ကျွမ်းမြေ့ကာ အိပ်မရ။
အရမ်းလည်း သတိရနေမိသည်။
တကယ်ပဲ ဟုန်ကျန်းချန် ရင်ခွင်ထဲ ပြန်ရောက်သွားတယ် ဆိုရင်တောင် ဟန်ကျန့်အတွက်လည်း နေရာသေးသေးလေးတစ်ခုတော့ရချင်သေးတယ်။

ရှင်းGe အပါး ဘယ်နေရာပဲခစားရ ခစားရ. သက်ဆိုင်သူအဖြစ် တစ်စိတ်တစ်ပိုင်းစာနေရာလေးရချငမိသည်။

ညစာစားပြီးတာနဲ့ဟန်ကျန့် စောင်ပုံထဲတိုးဝင်မိသည်။
Heater က သိပ်အကောင်းကြီးမဟုတ်တာမို့ ဟန်ကျန့်မှာနွေးထွေးမှုအလုံအလောက်မရ။
မိဘတွေအတွက်ပဲ heater ကောင်းကောင်းတပ်စေလျက် ဟန်ကျန့် အတွက်စိတ်မပူစေရအောင် ကြိတ်မှိတ်နေနေရသည်။

အိပ်ယာထဲ မှောက်ကာ မှန်ပြတင်းမှနေ၍အပြင်ဘက်လမ်းပေါ်ကြည့်နေမိသည်။
ဒီညဒီလောက်အေးနေတာ မနက်ဖြန်နှင်းကျမှာမို့များလား။
နှင်းဖွေးဖွေးတွေကြား ရှင်းGeဆိုတာ နတ်သားလေးပေါ်ထွက်လာရင်ဘယ်လောက်ကောင်းလိုက်မလဲ ဟု အဓိပ္ပါယ်မရှိတာတွေလျှောက်တွေးရင်းဆွေးနေမိသည်။

星野 ရှင်းရယ်/ရှင်းရယ်(Completed)Where stories live. Discover now