Chapter-35

5.6K 481 20
                                    

အပြန်ခရီးစဉ်တစ်လျှောက် ဟန်ကျန့် ရှင်းGeကို တစ်ခွန်းတစ်ပါဒမှ မမေးမြန်း။

ဟန်ကျန့် အဖို့ ဟုန်ကျန်းချန်နဲ့Ge မပြတ်သားသေးရင်တောင်မှ ဟန်ကျန့်ရဲ့မယုံသင်္ကာမှုကြောင့် Geစိတ်ပျက်ပြီးထားခဲ့မှာကိုကြောက်နေမိသည်။

အခု နားမလည်နိုင်စွာအားလျန်ကပါ ပါဝင်ပတ်သတ်လို့လာပြီ။

အားလျန်နဲ့ဟုန်ကျန်းချန်က ဘယ်လိုပတိသတ်မှုများလဲ။
ရှင်းGe နဲ့ ဘာမှမပတ်သတ်တော့ဖို့ကိုလည်း စိတ်ထဲက ကြိတ်ဆုတောင်းရတာအမော။

ကျောင်းပိတ်ထားတာမို့ ဟန်ကျန့် ရှင်းGeအိမ်မှာ နေချင်မိသည်။
Geကလည်း ဟန်ကျန့် ကို ဘာမှမပြောတော့ ဟန်ကျန့် ညစာစားချိန်မှာ စကား စမိသည်။

"Ge..''

"အွန်?''

"ဟိုလေ...ကျောင်းပိတ်ထားတော့ အဆောင်မှာလူမရှိကြတော့ဘူး''

Ge က မျက်ခုံးလေးပင့်ကာ

"အဲဒီတော့..ပေါင်ပေ့ ဘာသွားယူချင်လို့လဲ အဖော်လိုက်ခဲ့ပေးရမှာလား''

ဟန်ကျန့် ပျော်သွားမိသည်။
Geကလည်း ဟန်ကျန့် ဒီမှာနေမယ်လို့ တွက်ထားပြီးသားပေါ့။

ဒါပေမယ့် ပြောလက်စ စကားကို ဆက်ရဦးမည်မို့

"ဟို..အိမ်နေရင်းဝတ်လေးနည်းနည်းပါ''

"ကိုယ့်ဟာတွေယူဝတ်''

"ဟုတ်ကဲ့ Ge''

ဟန်ကျန့် ရင်ထဲ ထီဆုကြီးပေါက်တာထက်ပင်ပျော်သေးသည်။

ဟန်ကျန့် ရေချိုးပြီးထွက်လာတော့
အိပ်ယာထက်မှာ ထုံးစံမပျက်အလုပ်လုပ်နေသော
Ge ကို တွေ့ရသည်။

"Ge....အားနည်းနေသေးတယ်လေ နားပါဦး''

"ရိုက်လာတာလေးတွေပြန်ကြည့်ရုံပါကွ..လာ ပေါင်ပေ့ကြည့်မလား''

ဟန်ကျန့်က Ge ကမ်းပေးတဲ့ လက်မောင်းအောက်တိုးဝင်လိုက်ကာ ထိုင်ဝမ်မှာရိုက်လာတဲ့ပုံတွေအတူ့ကြည့်ကြသည်။

Ge အိမ်မှာနေရင်း နှစ်ယောက်သားကြည်နူးသာယာတဲ့နေ့ရက်တွေဖြတ်သန်းမိကြသည်။

星野 ရှင်းရယ်/ရှင်းရယ်(Completed)Where stories live. Discover now