Chapter-22

4.8K 459 40
                                    

တစ်ဖက်တွင် ရှင်းGeအိပ်မောကျမှန်းသိပေမယ့်
ကျောပေးကာအိပ်ချင်ယောင်ဆောင်နေသော ဟန်ကျန့်မှာတော့ အိပ်မပျော်နိုင်။

အစိမ်းသက်သက်အသွင်းခံလိုက်ရသော ဘယ်သူနဲ့မှမဆက်ဆံဖူးသည့် ဟန်ကျန့်အောက်ပိုင်းရဲ့နာကျင်မှုဒဏ်ကိုလည်း အံကြိတ်ကာ အသံမထွက်ပဲကြိတ်ခံနေရတာမို့ မျက်ရည်ပူတွေကအတိုင်းအဆမရှိစီးကျလို့နေသည်။

တသိမ့်သိမ့်ရှိုက်ငိုပါက ကျောကိုဖက်ကာအိပ်မောကျနေသော ရှင်းGe နိုးသွားမည်စိုးတာကြောင့် မရှိုက်ရဲ။
ရင်ဘတ်ပေါ်က သိုင်းဖက်ထားသော လက်သွယ်သွယ်လေးကိုငုံ့ကြည့်ပြီး ရက်စက်ရက်သူအပေါ်အပြစ်မမြင်ရက်ပြန်။
လှလွန်းသောလက်ချောင်းလေးတွေကို နှုတ်ခမ်းနဲ့ငုံ့လျက်ထိကပ်ကာ နမ်းရှိုက်လိုက်ရင်း နာကျင်မှုကိုဖြေဖျောက်နေရသည်။

တစ်ဖက်တည်းစောင်းကာ ငြိမ်သက်နေရတာကြာတော့ မသက်မသာရှိလာပြီမို့ ကိုယ်လေးကိုအသာရုန်းကာ တစ်ဖက်သို့လှည့်လိုက်တော့ ရှင်းGe ခြေထောက်က ဟန်ကျန့်ခါးပေါ်ခွလာသည်။

မျက်နှာချင်းတစ်ထွာတောင်မကွာတဲ့အနေအထားမှာ
နီးကပ်နေသောနှုတ်ခမ်းအစုံကြောင့် ကိုယ့်နာကျင်မှုကိုကိုယ်မေ့သွားလောက်အောင် ပြုစားနိုင်သူရယ်။

ရှင်းGe ရင်ထဲ ဟန်ကျန့်အတွက်တကယ်ရောနေရာရှိရဲ့လား။
ရှင်းGe လုပ်သွားပုံကတော့ နည်းနည်းမှမညှာတာ။
ဟုန်ကျန်းချန်ဆိုတဲ့ ရှင်းGeအချစ်ဦးရဲ့ရှေ့မှာ ဟန်ကျန့်ဆိုတာ အသက်ဝိဥာဉ်မရှိတဲ့အရုပ်တစ်ရုပ်လို ပြုလိုက်ရက်တာများ။
ဟန်ကျန့်စိတ်ဆိုးလိုက်ချင်ပေမယ့် ဒီမျက်နှာလေးကိုကြည့်မိတိုင်း စိတ်ဆိုးလို့မရတော့ ကိုယ့်ဟာကိုယ်သာဝမ်းနည်းလာမိသည်။

အလှဆုံးနတ်ဘုရားက သူဘာမှမလုပ်ထားသလို အပြစ်ကင်းစင်သည့်အသွင်လေးနဲ့အိပ်မောကျနေတာလိုက်တာ
ကြည့်ရင်းက ဟန်ကျန့် ပိုပိုချစ်လာရသည်။
ရှင်းGe ပေးတဲ့နာကျင်မှုဆိုတာတွေက ညှို့ငင်နေသောနှုတ်ခမ်းဖူးဖူးလေးအောက်ဒူးထောက်ခစားသွားပြီ

အသိစိတ်ကိုမထိန်းလိုက်နိုင်ခင် ဟန်ကျန့်နှုတ်ခမ်းတွေရဲ့စုပ်ယူမှုအောက် ဆစ်ခနဲနာကျင်သွား၍ထင့်
မျက်ဝန်းလေးတွေပွင့်အာလာသည်။

星野 ရှင်းရယ်/ရှင်းရယ်(Completed)Where stories live. Discover now