Chapter-2

9.3K 662 26
                                    

ဝေ့လျန်ကဖင်တကြွကြွဖြစ်နေပြီ ဟန်ကျန့်မှာ မှန်ရှေ့နဲ့အဝတ်သေတ္တာကြားခေါက်တုံ့ခေါက်ပြန်

ဘယ်တစ်ထည်ကမှလည်း ကောင်းကောင်းမွန်မွန်အဆင်ပြေပြေရယ်လို့မရှိ။

"ကြည့်ကောင်းပါတယ် ရှောင်ကျန့်ရယ် သွားရအောင်''

ဝေ့လျန်က. စိတ်မရှည်တော့သလိုညီးတွားမှ ဝတ်ထားတာကိုငုံ့ကြည့်မိတော့
ဆွယ်တာအပြာနုနုနဲ့နက်ပြာရောင် ဂျင်းပင်န်ကအလိုက်သား။

ရှိသမျှထဲ ဒီအရောင်လွင်တဲ့ဆွယ်တာက အသစ်ဆုံးလိုဖြစ်နေတာကြောင့်ရွေးချယ်လိုက်ရပေမယ့် အပေါ်ဝတ်ကုတ်ကောင်းကောင်းကမရှိပြန်။

အကြောင်းသိနေသည့် ဝေ့လျန်က သူ့ကုတ်တစ်ထည် လာလွှမ်းခြုံပေးရင်းက ဆွဲခေါ်တော့သည်။

အဆောင်ရှေ့ သစ်ပင်အောက်က ကားတစ်စီးကို ဝေ့လျန်ကလှမ်းဖွင့်လိုက်တော့ ဟန်ကျန့်က

"ဘယ်သူ့ကားလဲ အားလျန်''

ကားက အနက်ရောင်ကြွရွနေသည်။ဝေ့လျန်အိမ်ကကားကိုယူလာတတ်ပေမယ့် ဒီကားကို ဟန်ကျန့်တစ်ခါမှမတွေ့ဖူး။

"ရှင်းGe ကားယူလာတာလေ''

"သြော်...''

ဓာတ်ပုံဆရာက သူဌေးပဲဆိုတာ ကားအကောင်းစားမြင်ရုံနဲ့သိသာသည်၊
အပြင်ပန်းတင်လားဆိုတော့မဟုတ်
ကားအတွင်းပိုင်းကိုဝင်လိုက်တာနဲ့ ချိုအီအီသစ်သီးနံ့လိုလို အနံ့လတ်လတ်ဆတ်ဆတ်လေးကိုခံစားလိုက်ရသည်။

ကားအတွင်းပိုင်းကိုဝင်ထိုင်လိုက်ရုံနဲ့ လှိုက်ခနဲနွေးထွေးကျေနပ်မှုပိုခံစားလိုက်ရသည်။

ကားကငြိမ့်ခနဲထွက်သွားတာနဲ့ ဝေ့လျန်က ရပ်ထားတဲ့သီချင်းကို စဖွင့်သည်။
တရုတ်popတေးသွားငြိမ့်ငြိမ့်ကြား အစောကြီးထဲက စိတ်လှုပ်ရှားစွာနိုးနေခဲ့ရသော ဟန်ကျန့် မျက်လုံးတို့စင်းလာခဲ့ရသည်။

"ဟေ့ ရှောင်ကျန့် ထတော့လေ ရောက်ပြီ''

"အင် ဟင် ရောက်ပြီလား''

ကားက မြေအောက်ပါကင်တစ်ခုမှာထိုးထားပုံရသည်။

ကွန်ဒိုကြီးကြီးတစ်ခုပေါ်သို့ နှစ်ယောက်သား elevator နဲ့တက်ခဲ့ကြသည်။
၃၅လွှာအရောက် elevator တံခါးပွင့်သွားတာနဲ့
ရှင်းသန့်နေတဲ့ အခန်းကျယ်တစ်ခုကိုတွေ့လိုက်ရသည်။
တစ်ခန်းလုံး အဖြူရောင်လွှနေတာမို့ တိမ်တိုက်ထဲဝင်လိုက်ရသည့်နှယ်

星野 ရှင်းရယ်/ရှင်းရယ်(Completed)Where stories live. Discover now