Chapter-28

5K 499 40
                                    

ဆေးရုံနဲ့အိမ်ယောက်ယက်ခတ်နေသော ဟန်ကျန့်ကိုကြည့်ပြီး အိမ်ကလူတွေတွေမျက်စိနောက်လာပုံရသည်။

"ရှောင်ကျန့် ဆေးရုံမှာဘယ်သူတက်နေလို့တုန်း''

"မားရယ် ဆေးရုံလူမမာသွားမေးတာကလည်း မနက်ဝေလီဝေလင်းကြီးတဲ့.. လမ်းမှာခဲသေမသွားတာကံကောင်း''

ဟန်ယွဲ့ ကလည်း အကွက်ဝင်တာနဲ့အချွန်နဲ့ မ သည်။
ပါးကတော့ ခပ်အေးအေးနဲ့ပြုံးကာ

"ဘယ်သူပဲဖြစ်ဖြစ် ပေကျင်းကဧည့်သည်ဆိုမှတော့ အိမ်ကိုအလည်ခေါ်ခဲ့ဦး''

"ဟုတ်ကဲ့ပါး ဒီနေ့နေ့လည် ဆေးရုံကဆင်းမှာ အိမ်ကိုခေါ်လာခဲ့မယ်နော်''

မားနဲ့ဟန်ယွဲ့ ကတော့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ပုခုံးတွန့်နေတော့သည်။

ဟန်ကျန့်မှာတော့ ချစ်တဲ့ ရှင်းGe လေး ဆေးရုံမှာ အစစအရာရာအဆင်ပြေရအောင် တစ်ချက်မှမနားပဲ လိုအပ်တာတွေ ရှင်းGe အိပ်ချိန်အိမ်ပြေးယူလိုက် ရှင်းGe နိုးနေချိန်အဖော်ပြု ပြုစုပေးလိုက်နဲ့ လွန်းထိုးနေသည်။

ဒါပေမယ့် အရမ်းပျော်နေမိသည်။
ရှင်းGe ကို နေ့နေ့ညည အချိန်မရွေးတွေ့နေရတဲ့အခွင့်အရေးဟာ နည်းနည်းနောနောလား

"Ge ဘာစားချင်တာရှိသေးလဲ''

"တော်ပါပြီ ပေါင်ပေ့လုပ်မှပဲ ကိုယ်ဆေးရုံကဆင်းရင် ဖက်တီးကြီးဖြစ်တော့မယ်''

"ဖက်တီးဖြစ်သွားတော့ ကျွန်တော်စိတ်ချရတာပေါ့''

"ဟေ့ မင်းကကိုယ့်ကိုစိတ်မချဖြစ်နေတာလား''

"အာ...မဟုတ်ပါဘူး ကျွန်တော်က စ တာပါ''

ရှင်းGe အဓိပ္ပါယ်ကောက်ပြီး စိတ်ခုသွားမှာမျိုးကို ဟန်ကျန့်မလိုလား။
အတတ်နိုင်ဆုံး စကားကိုထိမ်းသိမ်းပြောရသည်။
ဟုန်ကျန်းချန် ပို့သည့်ဓာတ်ပုံကိစ္စကိုဆို အရိပ်အမြွတ်တောင် မဟရဲ။
ဟန်ကျန့် ရင်ထဲသိချင်သမျှ မြိုသိပ်ပြီး ရှင်းGeမျက်နှာကိုသာကြည့်နေချင်မိသည်။
ရှင်းGe လက်လေးတွေကိုဆုပ်ပိုင်ခွင့်တို့ဆုံးရှုံးသွားမှာကိုစိုးကြောက်လှတာကြောင့် ရှင်းGe စိတ်ခုလောက်မည့်ကိစ္စမျိုးဆို လေသံတောင်မဟလိုပေ။

星野 ရှင်းရယ်/ရှင်းရယ်(Completed)Where stories live. Discover now