Chapter-32

4.8K 435 12
                                    

ဒီနေ့ ရိုက်ကွင်းရှိရာ ကမ်းခြေသို့ ဟန်ကျန့် နဲ့ Ge တို့အဖွဲ့တွေသွားရသည်။
Ge က ခေါင်းနည်းနည်းနောက်နေသည်ဟုဆိုကာ
Hotel အခန်းသို့ပြန်သွားတာမို့ ဟန်ကျန့်တို့ အလုပ်ပြီးအောင်ဆက်လုပ်နေရပေမယ့် Ge အတွက်စိတ်မဖြောင့်နိုင်။

ဟန်ကျန့် ရိုက်ကွင်းက ပြန်လာတော့ ရှင်းGeနဲ့ဟုန်ကျန်းချန် တို့တွဲလျက်သား အခန်းတစ်ခုထဲဝင်သွားတာတွေ့လိုက်ရသည်။

ဟန်ကျန့် ဇဝေဇဝါဖြစ်သွားသည်။
ဒီလူကြီးက ဘယ်လိုလုပ်ရောက်နေတာလဲ။
Ge ကရော ဒီလူနဲ့တွေ့ဖို့ပြန်သွားတာလား။
ဟန်ကျန့် ရင်ထဲလှိုက်ခနဲ ဝမ်းနည်းစွာနဲ့ တွေတွေလေးရပ်ကြည့်နေမိသည်။

Ge တို့ဝင်သွားတဲ့အခန်းကို တံခါးသွားခေါက်ရဲရလောက်အောင်လည်း ဟန်ကျန့် မတတ်သာ။

မိမိအခန်း မိမိပြန်လာကာ ကုတင်ထက် အရုပ်ကြိုးပြတ်ထိုင်ချလိုက်ပြီး ဘာလုပ်ရကောင်းမလဲစဉ်းစားနေမိသည်။

ဖုန်းကိုကောက်ကိုင်ကာ Geနံပါတ်ကို လက်မလေးနဲ့ တို့ရမလို မတို့ရမလို ချီတုံချတုံ။

နောက်ဆုံး တို့လိုက်မိတော့ ခေါင်းရင်းက Ge ဖုန်းလေးက ထမြည်သည်။

ဟန်ကျန့် သက်ပြင်းမောကြီးချလိုက်မိကာ ပက်လက်လှန်ချလိုက်မိသည်။

မသိစိတ်က အလိုလိုမျက်ရည်တွေစီးကျလာမိသည်။

အခန်းအပြင်ပြန်ထွက်ကာ Geတို့ဝင်သွားတဲ့အခန်းရှေ့သွား၍ တံခါးခေါက်ရန် လက်ရွယ်မိသည်။

မခေါက်ရဲ။ လက်ကိုပြန်ချကာ အခန်းရှေ့တွင် ပုဆစ်တုပ်ထိုင်ကာ ဒူးနှစ်လုံးထက်ခေါင်းမှောက်ချရင်း ရှိုက်ငိုမိသည်။

"ကျွီ...''

"အ''

"ဟင်...ရှောင်ကျန့်''

"Ge...''

ဟန်ကျန့် Ge ရဲ့ခါးကိုတင်းကြပ်စွာဖက်ထားမိသည်။

"ရှောင်ကျန့်''

ဟန်ကျန့် ရင်းနှီးနေတဲ့အသံကြောင့် Ge ပုခုံးမှနေ၍နောက်သို့ကျော်ကြည့်လိုက်တော့

"အားလျန်''

အခုနက ဟန်ကျန့်မြင်လိုက်တာ ဟုန်ကျန်းချန်မှ ဟုန်ကျန်းချန်ပါ။
အခုကျတော့ အခန်းထဲကထွက်လာတာ ဝေ့လျန်ဖြစ်လို့နေသည်မို့ ဟန်ကျန့် အူကြောင်ကြေင်ဖြစ်သွားသည်။

星野 ရှင်းရယ်/ရှင်းရယ်(Completed)Where stories live. Discover now