Chapter-18

4.7K 474 19
                                    


ရှင်းGe နဲ့တရားဝင်ချစ်သူတွေဖြစ်လာတဲ့ကိစ္စကြီးဟာ ဟန်ကျန့်အဖို့ အခုထိမယုံနိုင်လောက်အောင်
အံ့သြကျေနပ်ဖွယ်ရာ အဖိုးတန်ဖြစ်ရပ်တစ်ခု။

ရှင်းGe ရဲ့အသားလေးတွေကိုထိတွေ့ဖို့ဆိုတာ ဟန်ကျန့်အိပ်မက်။
အခုတော့ ရှင်းGe ရဲ့အသားလေးတွေကိုတင်မက လျှို့ဝှက်အရာချင်းပါထိတွေ့ပွတ်တိုက်လျက်လအတူတူပြီးဆုံးခဲ့ကြရတယ်ဆိုတာကို အခုထိမယုံကြည်နိုင်သေး။
အိပ်မက်များလားဆိုပြီး ကိုယ့်ပေါင်ကိုယ်ဆိတ်ကြည့်ရတာလည်းအခါခါ။

ပြန်တွေးမိတိုင်း ကြက်သီးတွေတဖြန်းဖြန်းထလွန်းလို့ ရှူရှူးပြေးပေါက်ရတာ ခဏခဏ။

အိပ်ယာပေါ်ပက်လက်လှန်မိတိုင်း ရှင်းGe ရဲ့နူးညံ့အိစက်နေတဲ့ နှင်းဆီနှစ်လွှာနဲ့နွေးထွေးချိုမြိန်တဲ့ခံတွင်းလေးတွေ၊လျှာလေးတွေကို တမ်းတနေရသည်။

"ကျွန်တော်ရူးတော့မှာပဲ''

အိပ်ယာပေါ်မှာပက်လက်လှန်ရင်း နှုတ်ခမ်းအစုံကိုပွတ်သပ်နေတဲ့ ဟန်ကျန့်ကိုကြည့်ပြီး ဝေ့လျန် ထူးဆန်းနေသည်။

"ဟေ့ ရှောင်ကျန့် ဘာတွေတွေးပြီးပြုံးစိစိဖြစ်နေတာလဲ...မှန်မှန်ပြောစမ်း ငါ့ကောင်ရည်းစားရနေပြီမဟုတ်လား''

ဟန်ကျန့် မျက်နှာပန်းရောင်သန်းသွားသည်။
ရှင်းGe နဲ့ တွဲနေပြီဆိုတာ ကြွားလိုက်ချင်ပေမယ့် ရှင်းGeထံမှခွင့်ပြုချက်မရပဲ မပြောချင်သေးတာမို့
မြိုသိပ်ထားလိုက်သည်။

ဝေ့လျန်က ခေါင်းတရမ်းရမ်းနှင့် သူ့ဆံပင်တွေကိုသေသေချာချာဖြီးသင်နေသည်။

ဝေ့လျန်က ခေါင်းတရမ်းရမ်းနှင့် သူ့ဆံပင်တွေကိုသေသေချာချာဖြီးသင်နေသည်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

#ရန်ဝေ့လျန် 👆

ဝ့လျန်ကလည်း ရှင်းGe ရဲ့ညီလို့မပြောရ
ဆံပင်ကို ဂုတ်ထိလောက်အောင်ထားမှနေတတ်လေ့ရှိသည်။

星野 ရှင်းရယ်/ရှင်းရယ်(Completed)Where stories live. Discover now