Chapter-24

5.2K 473 32
                                    

(ရှင်းရယ် အသံလေးနဲ့စမယ်နော်)


ရုတ်တရတ် ဖိတ်ခေါ်တွေ့ဆုံမှုကြောင့် ရှင်းရယ်တစ်ယောက် ဆိုင်းမဆင့် ဗုံမဆင့်နဲ့ ချန်ကျိန်းHotelသိုရောက်လာခဲ့ရသည်။

"ဒီဘက်ဝိုင်းကိုကြွပါ လူကြီးမင်း''

"လာဖိတ်ခေါ်တဲ့ အတွင်းရေးမှူး တရိုတသေလမ်းပြခေါ်ဆောင်သည့်နောက် ရှင်းရယ်လိုက်လာခဲ့သညိ။

နှ်န်ပြတင်းကျယ်နားကပ်နေတဲ့ သီးသန့်စားပွဲတွင်ထိုင်နေတာက ထိုင်ဝမ်းအန်တာတိန့်မန့်ရဲ့ဥက္ကဌဖြစ်သူ
မဒမ်လီ
သြဇါအရှိန်အဝါတောက်ပနေသောအမျိုးသမီကြီးက သူ့ရှေ့မှ ဘေါင်းဘီထဲလက်နှိုက်ကါကျားရဲတစ်ကောင်ပမ ခပ်မတ်မတ်လျှေက်လှမ်းလာသော ရှင်းရယ်ထံ ခပ်စူးစူးကြည့်နေသည်။

"ထိုင်ပါ ''

မဒမ်လီရဲ့ ဖိတ်ခေါ်မှုကြောင့် ရှင်းရယ် မျက်နှာချင်းဆိုင်ခုံမှာဝင်ထိုင်လိုက်သည်။

"ကျွန်တော်နဲ့တွေ့ချင်တာဘာကိစ္စများလဲ ဖူးရန်(madam)''

မဒမ်လီက မျက်နှာကြောလျှော့လိုက်ကာ

"ဖြစ်ခဲ့တဲ့ကိစ္စတွေအတွက် ငါမင်းကိုတောင်းပန်ပါတယ်''

ရှင်းရယ် ခပ်ထေ့ထေ့ပြုံးလိုက်သည်။

"ဟုန်ကျန်းချန်နဲ့တွဲနေတာ ရှင်းလိမဟုတ်မှန်း ခင်ဗျားအစောကြီးကတည်းကသိနေတယ်မဟုတ်လား''

"ဟုတ်တယ် ငါသိတယ် သိရက်နဲ့ မသိချင်ယောင်ဆောင်ပြီး ရှင်းလိနဲ့စေ့စပ်ပေစခဲ့တာ''

"ခင်ဗျားကြီးတော်တော်သွေးအေးရက်စက်တယ် သူတစ်ပါးရဲ့ခံစားချက်တွေကိုနားလည်ရကောင်းမှန်းမသိဘူး ခင်ဗျားဖြစ်ချင်တာကိုဇွတ်လုပ်တယ် အဲ့အတွက် ကျွန်တော့်အစ်မရဲ့အသက်နဲ့ပေးဆပ်လိုက်ရတယ်''

"မင်းဆိုရင်ရော...သားတွေချည့်အမေမုဆိုးမတစ်ယောက်
သားအကြီးက မျိုးဆက်မရနိုင်အောင်ထိခိုက်မိထားတယ်
ကျန်တဲ့သားအငယ်ကပါ မျိုးဆက်မပေးနိုင်တဲ့လက်ထပ်မှုမျိုးပြုမယ်ဆို ဘယ်လိုကြံမလဲ...မင်းမျိုးနွယ်ရဲ့မျိုးဆက်ကို အပြတ်ခံတော့မလား''

星野 ရှင်းရယ်/ရှင်းရယ်(Completed)Where stories live. Discover now