ဝေ့လျန် အခုလောလောဆယ် တွဲစရာအဖော်မရှိ။
ဖန်းဖန်းကိုလည်း အတော်စိတ်ကုန်သွားပြီ။ဟန်ကျန့် ကလည်း အိပ်ယာထဲခွေနေတာမို့ အခန်းထဲမှာပျင်းလာသည်။
"ရှောင်ကျန့် Ge ဆီမသွားဘူးလား''
"Ge မရှိဘူး..သောကြာနေ့ညကတည်းကထွက်သွားတာ
အခု မနေ့ကတစ်နေကုန်လည်းအိမ်မှာမရှိဘူး..ဖုန်းလည်းစက်ပိတ်ထားတယ်''"ဟင်...Ge ဘယ်သွားပါလိမ့်...''
အဲဒါကြောင့် ဟန်ကျန့် မျက်နှာမကောင်းတာကိုး ဟုတွေးမိကာ ဘယ်သွားရင်ကောင်းမလဲအကြံထုတ်နေတုန်းမှာဖုန်းတစ်ခုဝင်လာသည်။
"ဟုန်လူကြီးမင်း''
ဝေ့လျန် ဟုန်ကျန်းချန်စောင့်နေသော Bar သို့ Taxi စီးလာလိုက်သည်။
ဟုန်ကျန်းချန်က bar ရှေ့မှ ဆီးကြိုကာ VIP အခန်းတွင် သောက်စားကြသည်။
"ရော့ ရှောင်လျန် မင်းအတွက်''
ဟုန်ကျန်းချန် စားပွဲပေါ်တင်ပေးတဲ့ဗူးလေးကို ဝေ့လျန် အထူးအဆန်းလိုယူကြည့်မိသည်။
"ဘာလဲဗျ...ဘာအတွက်လဲ''
ဖွင့်ကြည့်လိုက်တော့ နာရီတစ်လုံး
"ဟင် ဒါ limited edition မဟုတ်လား...ဘာအတွက်လဲဗျ''
"ဘာရယ်မဟုတ်ပါဘူး ကိုယ့်သူငယ်ချင်းက ဒီbrand ကို ကိုယ်စားလှယ်ယူလို့ ကိုယ့်ကိုလက်ဆောင်ပေးတာ..ကိုယ်က နာရီခရေစီမဟုတ်လို့ ပတ်နေကျ အမျိုးအစားပဲပတ်တတ်တယ်..ဒါကနည်းနည်းလူငယ်ဆန်နေတာနဲ့ မင်းကိုသတိရသွားလို့ ကဲ..ပတ်ကြည့်ပါဦး''
ဝေ့လျန် မျက်လုံးက အရောင်ဝင်းလက်ကာဖြင့် နာရီကို ယူပတ်ကြည့်လိုက်သည်။
"Wow မိုက်တယ်ဗျာ..ဈေးကလည်းကြောက်ခမန်းလိလိပဲ ဟိုနေ့က ကျွန်တော် amazone မှာတွေ့တယ်...တကယ်ကျွန်တော့ကိုစွန့်ကြဲတာလား''
"တကယ်ပေါ့ ကိုယ်မှအသုံးမလိုတာ''
ဝေ့လျန် ရင်ထဲ ကုလားဘုရားပွဲလှည့်သွားသည်။
ဘောစိနဲ့မိတ်ဆွေဖြစ်ရတာအတော်နိပ်သား။ဒီလိုနဲ့ ဟုန်ကျန်းချန် တိုက်သမျှ သောက်၊ကျွေးသမျှစားကာ ဝေ့လျန် ရီဝေမူးယစ်လို့လာသည်။
YOU ARE READING
星野 ရှင်းရယ်/ရှင်းရယ်(Completed)
Romanceဒီထဲကဇာတ်ကောင်တွေက အပြင်မှာတကယ့်real coupleပါ။ ကျွန်တော်က xing ye fanဖြစ်လို့ သူတို့အကြောင်း Own creation fiction ရေးဖြစ်တာပါ။ Story ကတော့ fic ပါပဲ။