Chapter-8

4.7K 521 8
                                    

ဟန်ကျန့်တို့နှစ်ဝက်စာမေးပွဲပြီးချိန်မှာ ရှင်းGe က ဟန်ကျန့်ကို ဖိုတိုမော်ဒယ်လ်ကာလတိုသင်တန်းတစ်ခုတက်စေသည်။

ရှင်းGe တို့ နာမည်ကြီးမော်ဒယ်လ်တွေနဲ့ မဂ္ဂဇင်းကာဗာရိုက်သည့်နေရာများသို့လည်း လိုက်ပါလေ့လာစေသည်။

သင်တန်းဆင်းချိန်တွင် ရှင်းGeတို့ရှိနေသည့်
Dramaတစ်ခုအတွက် ဇါတ်ဝင်ခန်းဖိုတိုရိုက်သည့်နေရာတစ်ခုသို့ ဟန်ကျန့်လိုက်ခဲ့သည်။
ရိုက်ကွင်းပြင်ပတွင် ရှင်းGe တစ်ယောက်
Make-up artist တစ်ယောက်နှင့် စကားစမြည်ပြောနေသည်။
ဟန်ကျန့်က ရှင်းGeဘေးက ခုံပုလေးတစ်လုံးမှာထိုင်လျက် ရှင်းGeတို့စကားဝိုင်းကိုစိတ်မဝင်စားသယောင်ပြုကာ ရိုက်ကွင်းသို့သာငေးနေလိုက်သည်။
နားတွေကတော့စွင့်လျက်သား။.

"ချင်းလုနဲ့ show တစ်ခုမှဆုံတယ်...ရှင်းက GeGeတွေအစား DiDiတွေဘက်လှည့်သွားပြီဆို
ဘယ်လိုဖြစ်ရတာလဲ''

ရှင်းGe ထံမှအသံမထွက်

"လက်ရှိ ထန်စီးမင်နဲ့တွဲနေတာမဟုတ်ဘူးလား..ထန်စီးမင်လိုလူမျိုးက ရှားမှရှားနော်''

ရှင်းGe ထံမှ ဟက်ခနဲ အသံတစ်ချက်သာထွက်သည်။
သူများကိုယ်ရေးကိုယ်တာကို ဒီလောက်ဗြောင်စပ်စုရဲသည့် make-up artist ကိုလည်း တော်တော်အမြင်ကတ်မိသည်။
ရှင်းGe လိုနာမည်ကြီးphotographer တော့မသိ ဟန်ကျန့်ဆိုရင်တောင် ကိုယ့်အတွင်းရေးကိုသူများစပ်စုတာမကြိုက်။

ရှင်းGe က သွေးအေးလွန်းသည်။
မကျေမနပ်ပြန်တုံ့ပြန်သံမကြားရ။
ပြောသမျှကို ထင်ချင်သလိုထင် ဆိုသည့်ဟန်ပန်အပြည့်။

"သြော် ဒါနဲ့ ရှင်းသိအောင်ပြောရဦးမယ်.. ထန်စီးမင်ကို ထန်မိသားစုက မာလုပ်ငန်းစုက သူဌေးသမီးနဲ့
အောင်သွယ်ကတဆင့်တွေ့ပေးနေတာတဲ့''

"ကျွန်တော်သိပါတယ်''

"ဟယ် သိရင်လည်း အေးအေးဆေးဆေးလုပ်မနေနဲ့လေ..ထန်စီးမင်ကိုလက်လွတ်ခံမလို့လား''

"စီးမင်က အဲ့လောက်ကြီးမြတ်နေရင်လည်း မင်းကိုယ်တိုင်ဖမ်းဆုပ်ထားပါလား ကျောင်ဝေရယ်''

ရှင်းGe က ထိုသို့ပြောအပြီး ထထွက်သွားသဖြင့်
ဟန်ကျန့်လည်း ရှင်းGeရှိရာသို့လိုက်မည်အပြု
ကျောင်ဝေဆိုသော လိင်ပြောင်းမမက

星野 ရှင်းရယ်/ရှင်းရယ်(Completed)Where stories live. Discover now