Chapter-31

5K 450 15
                                    

"လောင်ကုန်း.... လီမုန့်ချီရဲ့သားအငယ်ကောင်လေးကိုရှင်သိတယ်မဟုတ်လား''

"သိတယ်လေ ဘာလို့လဲ''

"အိုင်းယား အဲ့ကောင်လေးကိုလေ အိမ်ထောင်ဖက်တွေ့ဖို့လွှတ်တာ အိမ်ထောင်ဖက်လာတွေ့တဲ့ကောင်မလေးနဲ့မကြိုက်ပဲ အခုအဲ့ကောင်မလေးအစ်ကိုနဲ့ကြိုက်နေလို့တဲ့
ထျန်းနာ!အခုခေတ်ကလေးတွေလည်းတော်တော်ကြောက်ဖို့ကောင်းနေပါလား''

ရှင်းGe နဲ့ ဟန်ကျန့် အောက်ထပ်မဆင်းသေးပဲ လှေကားတွင်ရပ်ကာ ပါးနဲ့မားပြောသမျှ ရပ်နားထောင်နေမိသည်။

မားက ပေါက်ပေါက်ဖောက်သလိုပြောနေပေမယ့် ပါးကတော့ သူ့အလုပ်သူသာ အာရုံထားသည်။

"ကျွန်မတို့သားလေးသာအဲလိုဆိုရင် ကျွန်မတော့ရင်ကျိုးရချည်ရဲ့''

ရှင်းGe က ဟန်ကျန့်ကိုကြည့်ကာ မေးငေါ့ပြသည်။
ဟန်ကျန့် ရှင်းGe စိတ်ခုသွားမှာစိုးလှသည်မို့ မားပါးစပ်ပေါက်ကြီးကိုပြေးပိတ်ချင်မိသည်။
မားကတော့ မပြီးနိုင်

"ရှောင်ကျန့် ကိုလည်း ကျောင်းမပြီးခင်အိမ်ထောင်ဖက်တွေ့ပေးထားရမယ်..ကျောင်းပြီးတာနဲ့ အိမ်ထောင်ဖြောင့်ဖြောင့်ပြုလိုက်ရင် ကျွန်မရင်အေးရပြီ''

ဟန်ကျန့် မျက်နှာပျက်ကာ Geကို မကြည့်ရဲတော့။
Ge က ဟန်ကျန့် လက်ကိုလာဆုပ်ကိုင်ဖျစ်ညှစ်ကာ
ဘာမှမဖြစ်သလိုနေဖို့ အရိပ်အယောင်ပြလျက် ဟန်မပျက် အောက်ဆင်းသွားသည်။

"သြော် ဟွမ်သူငယ်လေး ပြန်တော့မလို့လား''

"ဟုတ်ကဲ့ပါ အားရီ ကျွန်တော့်ကားလည်းပြင်ပြီးနေပြီမို့ ပြန်လိုက်တော့မယ်''

မားက Geနောက်မှ ကပ်ပါလာသော ဟန်ကျန့်ကျောကုန်းထက်မှ ကျောပိုးအိတ်ကိုကြည့်ကာ

"ဟင် ရှောင်ကျန့်က ဘယ်လဲ?ကျောင်းဖွင့်ဖို့ကလိုသေးတဲ့ဟာ''

"ဟို....ကျွန်တော် computer ကုမ္ပဏီတစ်ခုမှ အလုပ်သင်လျှောက်ထားတာ interview ဖြေဖို့အကြောင်းကြားလို့မား''

"အဲ့လိုလား....အရင်ရက်တွေကပြောသံလည်းမကြားမိပါဘူး''

"မသေချာသေးလို့မပြောတာ အခုက ရှင်းGe ကားနဲ့လည်းလမ်းကြုံတုန်း''

星野 ရှင်းရယ်/ရှင်းရယ်(Completed)Where stories live. Discover now