"ရှောင်ကျန့် ကိုယ်နဲ့အတည်တွဲနိုင်မလား''
ဟန်ကျန့်ရဲ့ကိုယ်လေးတောင့်ခနဲဖြစ်သွားမှန်း ရှင်းရယ် ခန့်မှန်းမိလိုက်သည်။
မေးပြီး ကိုယ်မဟုတ်သလို မှန်ဘီလူးကိုငုံ့သုတ်နေသောရှင်းရယ်ထံ ကောင်လေးစိုက်ကြည့်နေမှာကိုလည်းသိနေသည်။
နှစ်ယောက်ကြားကလေထုဟာအတန်ငယ် ငြိမ်သက်နေပြီးမှ
"တကယ်လားGe''
ရှင်းရယ် ပြုံးလျက်မော့်ကြည့်တော့ မျက်လုံးလေးအဝိုင်းသားနှင့် ရင်ထဲဖုတ်လှိုက်ဖုတ်လှိုက်ဖြစ်နေရှာမည့် အဖြူထည်လေးရဲ့ ပန်းရောင်သန်းနေသောမျက်နှာနုနုလေးကိုတွေ့လိုက်ရသည်။
"အွန်း တကယ်ပေါ့ ဘယ်လိုလဲ''
အမှန်ကမေးနေစရာပင်မလို။ရှောင်ကျန့်ရင်ထဲ ဘယ်လိုရှိမယ်တိုတာ ရှင်းရယ်အတပ်သိနေပြီးသား။
သို့ပေမယ့် လုပ်ထုံးလုပ်နည်းကရှိသေးသည်မဟုတ်လား။"Ge တွဲချင်ရင် တွဲကြည့်လေ...ဟိုဟို ကျွန်တော်က
အဆင်ပြေလောက်လို့လား''ကြည့်ပါဦး သူကပင်တပြန်အားနာနေသတဲ့။
ဘယ်လောက်တောင်ရိုးသားလိုက်ရှာလဲ။ကိုယ်မင်းကိုမကစားပါဘူးပေါင်ပေ့(baby)
ချစ်နိုင်အောင်ကြိုးစားမှာပါစိတ်ထဲကရေရွတ်ရင်း မတ်တပ်ထရပ်ကာ
ရှောင်ကျန့်ရဲ့ အေးစက်နေသောလက်လေးနှစ်ဖက်ကိုထွေးဆုပ်လိုက်သည်။"မင်းကတကယ်ချစ်ဖို့ကောင်းပါတယ်ပေါင်ပေ့''
မထင်မှတ်ပဲ ရှင်းရယ်အသင့်မဖြစ်ခင်မှာ လက်လေးနှစ်ဖက်က ရုန်းထွက်လျက် ချိုင်းအောက်မှ တိုးဝင်လာသည်။
တင်းတင်းဖက်လိုက်သဖြင့်အပ်လျက်ကျသွားသောရင်နှစ်ခုမှနေ၍ တစ်ဖက်ရှိရင်ခုန်သံကို တဒိန်းဒိန်းကြားနေရသည်။
ရှင်းရယ်ရင်ဘတ်ထဲကရော...
ကိုယ်တိုင်ပင် ရင်ခုန်နေလား ဘာလားဆိုတာမဝေခွဲတတ်သေး။..........
ရှင်းရယ်တို့ရဲ့ ပထမဆုံးညမှာပဲ ဟန်ကျန့်ကိုညစာလိုက်ကျွေးဖြစ်တဲ့နေရာက ကျိန်ရှန်း hotelမှာဖြစ်သည်။
ထိုဟိုတယ်မှာ လတ်တလောထိုင်ဝမ်မှရောက်နေသည့် ဟုန်ကျန်းချန်နေထိုင်လျက်ရှိပြီး ညတိုင်း ဟိုတယ်ဘားမှာထိုင်နေကျဆိုတာ ရှင်းရယ်သိထားသည်။
YOU ARE READING
星野 ရှင်းရယ်/ရှင်းရယ်(Completed)
Romanceဒီထဲကဇာတ်ကောင်တွေက အပြင်မှာတကယ့်real coupleပါ။ ကျွန်တော်က xing ye fanဖြစ်လို့ သူတို့အကြောင်း Own creation fiction ရေးဖြစ်တာပါ။ Story ကတော့ fic ပါပဲ။