Part - 1

27.7K 597 7
                                    

Zawgyi

'မေမေ...ညီမလေး မနိုးသေးဘူးလား...'

'အေး...သားရေ...ကျောင်းချိန်လဲ နီးနေပြီကို...မေမေ သွာနှိုးလိုက်ဦးမယ်...'

ဒေါ်မြသီရိ ပြောပြောဆိုဆို သမီးဖြစ်သူကို နှိုးရန် အပေါ်ထပ်သို့ တက်လာခဲ့သည်။ သူ့မှာ မြယာ နဲ့ မိုးစက်ပိုင် ဆိုပြီး သားနဲ့သမီး နှစ်ယောက် ရှိလေသည်။ ယောကျာ်းဖြစ်သူက သမီး မြယာ ငယ်စဉ်ကတည်းက နှလုံးရောဂါနဲ့ ဆုံးသွားခဲ့၍ သားနဲ့သမီးကို အတတ်နိုင်ဆုံး ဂရုစိုက်ကာ ပျိုးထောင်ခဲ့ရလေသည်။ သား မိုးစက်ပိုင်က အလွန်လိမ်မာပြီး ဆရာဝန်တစ်ယောက် ဖြစ်လေသည်။ သမီးလေး မြယာကတော့ E major day တက်နေပြီး အငယ်ပီပီ ဆိုးလေသည်။ ခုလဲ အကိုက ဆေးရုံသွားရင်း ကျောင်းလိုက်ပို့မလို့ကို ခုထိ မထသေးဘူးလေ...

ဒေါ်မြသီရိ သမီး အခန်းထဲ ဝင်သွားပြီး လိုက်ကာတွေကို ဖွင့် air con ကို ပိတ်ကာ

'သမီး...ယာယာရေ...ထတော့လေ...ကျောင်းနောက်ကျတော့မယ်...သမီး အကိုက ကျောင်းလိုက်ပို့ဖို့ စောင့်နေပြီ...'

'ဟင်....ငါးမိနစ် မေမေ...ငါးမိနစ်...'

အိပ်ချင်မူးတူးနဲ့ ပြန်ပြောပြီး ပြန်အိပ်ပျော်သွားသော မြယာကို ကြည့်ပြီး

'အော်...ဒီကလေးကတော့...ထတော့လေ ယာယာရယ်...သွား...သွား...ရေသွားချိုးတော့...'

ဒေါ်မြသီရိက အတင်းဆွဲထူပြီး ထခိုင်းတော့မှပင် အိပ်ချင်မူးတူးနဲ့ ရေချိုးခန်းထဲ ဝင်သွားတော့သည်။ ဒေါ်မြသီရိလဲ သမီးဖြစ်သူကို ကြည့်ပြီး အသာခေါင်းယမ်းမိကာ အိပ်ရာကို သိမ်းပေးလိုက်သည်။

❤️❤️❤️

မြယာ မြန်မာဝတ်စုံလေးကို ဝတ်ဆင်လိုက်ပြီး အချိုးကျမကျ ကိုယ်လုံးပေါ် မှန်မှာ လှည့်ပတ်ကြည့်လိုက်သည်။ ပန်းနုရောင် မြန်မာဝတ်စုံလေးက မြယာကိုယ်ပေါ်မှာ လှပစွာ ရှိနေမှပင် သဘောကျကာ ဆံပင် တစ်ချက် နှစ်ချက် သပ်ကာ အောက်ထပ်သို့ ဆင်းလာခဲ့သည်။ အောက်ရောက်တော့ ကိုပိုင်က ဧည့်ခန်းထဲမှာ စိတ်ရှည်လက်ရှည် ထိုင်စောင့်နေတာကို တွေ့ရလေသည်။

'ကိုပိုင်...မေမေရော...'

မိုးစက်ပိုင် လှပနေအောင် ပြင်ထားသော သူ့ညီမကို ကြည့်လိုက်ပြီး

"ချစ်ခွင့်ပြုပါ" ❤️❤️Where stories live. Discover now