Part - 2

32.9K 3.2K 74
                                    

ဝုန်းးးး

တံခါးဖွင့်သံကျယ်လောင်စွာ ထွက်ပေါ်လာတဲ့အပြီးမှာ တိတ်ဆိတ်နေတဲ့အခန်းထဲက လူတွေအကုန်လုံး တံခါးပေါက်ကို လှမ်းကြည့်လိုက်ကြတယ် ။ ချွေးသံတရွှဲရွှဲနဲ့ Director ဝမ်ဟာ မောဟိုက်နေတဲ့ပုံစံနဲ့ တံခါးဘုကိုကိုင်ရင်း မျက်ခုံးတွေကွေးသည်အထိ မျက်မှောင်ကြုတ်လို့ကြည့်သည် ။

အင်တာဗျူးတဲ့ ခုံပေါ်မှာထိုင်နေတဲ့ ကျိုးချန်ဟာ သူ့ညီ ရိပေါ်ကို မြင်တော့ ရယ်ပါသည် ။ သူထင်ထားတာထက် မြန်မြန်ရောက်လာသားပဲ ဟူ၍ တိုးတိုးတွေးရင်း သဘောတကျပြုံးသည် ။

အင်တာဗျူးတဲ့အခန်းထဲဝင်လာရင်း ရိပေါ်ရဲ့ မျက်လုံးတွေက နေရာအနှံ့ကို လိုက်လံကြည့်သည် ။ ခက်ထန်သော မျက်နှာနှင့် တည်ကြည်စွာလျှောက်လှမ်းလာသော ဒါရိုက်တာဖြစ်သူကို အားလုံးက သိနှင့်ပြီးသားမို့ မဝံ့မရဲနှင့် ကြည့်နေကြသည် ။ ထိုကြည့်နေတဲ့သူတွေအထဲ ရိပေါ်မမြင်ချင်ဆုံးသူကတော့ ရှိမနေခဲ့ဘူး ။

" ချန်ကော စကားပြောရအောင် "

ကျိုးချန်ရဲ့ ခုံရှေ့မှာ ရိပေါ်ရပ်လိုက်ရင်း စားပွဲခုံကိုလက်နှစ်ဖက်ထောက်လျက် မှင်သေသေဖြင့်ကြည့်သည် ။

" လူတွေ့စစ်နေတာ မပြီးသေးဘူး ရိပေါ် "

" အခုမထရင် ကျွန်တော် မနက်ဖန်အလုပ်ထွက်စာတင်မယ် ! "

" ဒါရိုက်တာကြီးကလဲ အရမ်းစိတ်ကြီးတာပဲ "

ကျိုးချန်က ရိပေါ်စကားကိုကြားတော့ ထပ်မံရယ်တယ် ။ ပြီးတော့ နေရာကနေထကာ ရိပေါ်သွားသည့်နောက်သို့ လိုက်လာခဲ့သည် ။

" ဘယ်လိုဖြစ်ရတာလဲ ချန်ကော ! "

" ဘာကိုလဲ ဆရာလေးဝမ်ရဲ့ "

" နောက်ပြောင်မနေနဲ့ ချန်ကော ... ကျွန်တော် အတည်မေးနေတာ ဒါဘယ်လိုဖြစ်ရတာလဲ "

" ဘာကိုဘယ်လိုဖြစ်ရမှာလဲ ... အလုပ်လာလျှောက်တာပေါ့ "

" ဒီလောက်မရိုးရှင်းဘူးဆိုတာ ကျွန်တော်သိတယ် ... ချန်ကော ဘာတွေလုပ်ထားတာလဲ ။ အစတည်းက သူအလုပ်လာလျှောက်တယ်ဆိုတာသိလို့ ကျွန်တော့ကို လာဖို့ပြောခဲ့တာမလား "

ex - Boyfriend ထံတွင်ထပ်မံကျရှုံးခြင်း (ex - Boyfriend ထံတွင်ထပ်မံကျရှုံးခြင်း)Where stories live. Discover now