Part - 5

26.4K 3.3K 168
                                    

ရှောင်းကျန့်အိမ်ကနေ ထွက်လာတော့ ၇နာရီခွဲပြီ ။ ဘတ်စ်ကားစောင့်ရမှာနဲ့ ကားပိတ်ဦးမှာဆို သူဒီအချိန်လောက်ထွက်မှ တော်ကာကျမည် ။ သူကားဂိတ်ကို ရောက်ပြီး ၅မိနစ်လောက်ပဲစောင့်ရသေးတယ် ကားလာခဲ့သည်မို့ အလျင်အမြန်ပဲကားပေါ်တက်ကာ ခုံနေရာဝင်ဦးလိုက်သည် ။ တော်သေးတယ် ဒီနေ့တော့ လူမတိုးရတော့ဘူး ။

သူ့ကိုမနေ့ညတဲ့ ပြန်လိုက်ပို့ပေးသွားတဲ့ ရိပေါ်ရော အိမ်ကိုကောင်းကောင်းပြန်ရောက်ရဲ့လား ။ ရိပေါ်အကြောင်း စဉ်းစားမိတော့ ရှောင်းကျန့်ရင်ထဲ တစ်သိမ့်သိမ့်တုန်သွားသည် ။ ဒီကောင်လေး သူ့အပေါ်ထားတဲ့ သံယောဇဉ်မှာ ဘယ်လောက်အတိမ်အနက်ထိရှိလဲ သူသိသည် ။

အစကတော့ ရိပေါ်ဆီပြန်လာဖို့ သူမရဲခဲ့ဘူး ။ ထားခဲ့တုန်းကလဲ သူရိပေါ်ကို ဘာစကားလုံးတစ်လုံးမှ မချန်ဘဲ ထားရစ်ခဲ့တာ ။ ရှောင်းကျန့်ဟာ ဒီကောင်လေးဘက်ကို လုံးဝမတွေးဘဲ ပစ်စလက်ခတ်ထားခဲ့မိကာမှ အခုချိန်ပြန်လာခဲ့တာက နည်းနည်းတော့မတရားဘူးဆိုတာလဲ နားလည်တယ် ။

ရိပေါ်နဲ့ယှဉ်ရင် ကိုယ်က ဘာကောင်မှမဟုတ်ဘူး ။ ရှောင်းကျန့်မိဘတွေက ရိပေါ်တို့အိမ်မှာ လုပ်ကျွေးပြုစုရတဲ့ အလုပ်သမားတွေ ။ ထိုနည်းအတိုင်း အလိုလို ရှောင်းကျန့်ဟာလဲ ရိပေါ်ရဲ့ အလုပ်သမား ။ တစ်နည်းအားဖြင့် ရိပေါ်ကို လိုက်စောင့်ရှောက်ပေးရတဲ့သူ ။

ကံကြမ္မာဘယ်လိုလှည့်စားကျီစယ်တယ်မသိ ရိပေါ်ဟာ ရှောင်းကျန့်ကို မြတ်နိုးတွယ်တာခဲ့တယ် ။ ဖွင့်ပြောခဲ့တယ် ။ ချစ်ခဲ့တယ် ။ ချစ်သူတွေဖြစ်ခဲ့ကြတယ် ။ နောက်တော့လဲ သူတို့ကိုကျီစယ်လို့ ချစ်သူတွေဖြစ်ခွင့်ပေးခဲ့တဲ့ ကံကြမ္မာကပဲ သူတို့နှစ်ယောက်ကို အဝေးဆုံးပဲ ဝေးကွာအောင် ဖန်တီးပြန်တယ် ။

ဒါပေမဲ့ ဒီတစ်ခါ ရှောင်းကျန့် ရိပေါ်ဆီပြန်လာခြင်းက တစ်သက်လုံးအတွက်ပဲ ။ သူရိပေါ်ကို တစ်သက်လုံးစောင့်ရှောက်မယ် ။ မြတ်နိုးပေးမယ် ။ တွယ်တာပေးမယ် ။ ချစ်ပေးမယ် ။ ဒီလိုခိုင်မာမှုတွေပေးဖို့အတွက် သူ ၄နှစ်လောက် အချိန်ယူလိုက်ရတဲ့သဘောပါပဲ ။

အပိုဆုအနေနဲ့ ဝမ်းသာစရာသိခွင့်ရတာကတော့ ရိပေါ်က သူ့ကိုစိတ်နာရုံပဲ ။ အခုချိန်ထိ သူ့ကိုချစ်နေသေးတယ်ဆိုတာ ရိပေါ်မျက်နှာကို တစ်ချိန်လုံး ဟိုးငယ်ငယ်တည်းက ဖတ်လာခဲ့တဲ့ ရှောင်းကျန့်က ရိပ်မိပါတယ်လေ ။

ex - Boyfriend ထံတွင်ထပ်မံကျရှုံးခြင်း (ex - Boyfriend ထံတွင်ထပ်မံကျရှုံးခြင်း)Where stories live. Discover now