Part - 10

25.3K 2.9K 117
                                    

ရိပေါ် စားပွဲခုံကို လက်ညိုးနဲ့တစ်တောက်တောက်ခေါက်ရင်း သူ့ရှေ့က လက်ပ်တော့ဆီကနေ အကြည့်မပျက်ရှိနေသည် ။ ရိပေါ် တစ်ပတ်အတွင်း ဒီဇိုင်း ၃ခု ဆွဲခိုင်းလိုက်တဲ့ ရှောင်းကျန့်ရဲ့လက်ရာတွေက အခုသူ့ရှေ့ရောက်နေပြီ ။

စတိုင် တစ်မျိုးစီနဲ့ ဒီဇိုင်း ၃ခုက မျက်နှာမလွှဲချင်လောက်အောင် ဆွဲဆောင်မှုရှိတယ် ။ အဲ့ထဲကမှ ဆင်စွယ်ရောင်နဲ့ နီညိုရောင် စပ်ထားတဲ့ ဒီဇိုင်းကို သူသဘောအကျဆုံးပဲ ။ ရိပေါ် မချီးကျူးချင်ပေမဲ့ မချီးကျူးဘဲမနေရလောက်အောင်ထိ လက်ရာကမြောက်လွန်းတယ် ။

တစ်ဆက်တည်းခေါင်းထဲဝက်လာတာက ပိတ်ရက်တုန်းက အနမ်းအကြောင်း ။ ရိပေါ်ရဲ့ နားရွက်လေးတွေဟာ ရဲနေခဲ့ပြန်သည် ။ မစဉ်းစားဘဲနဲ့ ရောက်ရောက်လာတဲ့ ထိုအနမ်းက အရင်ကအတိုင်းပဲ ချိုမြိန်တုန်းပဲ ။ ရိပေါ် နှုတ်ခမ်းကို ခပ်နာနာကိုက်ကာ စိတ်တွေပြန်စုစည်းလိုက်၏ ။ အခု သူ ချိုမြိန်တယ်လို့ ပြောလိုက်တာလား ။
ရူးနေပြီပဲ ။

ပိတ်ရက်တုန်းက ကိစ္စဖြစ်ပြီးနောက် ရိပေါ်က ရှောင်းကျန့်ကို ထွက်သွားလို့ နှင်မထုတ်တော့ဘူး ။ အဲ့အစား သိသိသာသာကို ရှောင်လာသည် ။ မျက်နှာချင်းဆိုင်တွေ့ရင်တောင် ရှောင်းကျန့်ကိုလုံးဝမကြည့်ဘဲ နေနိုင်သည် ။ ရုံးတက်ရင်လဲ ကြိုရောက်နေတတ်ပြီး ရုံးဆင်းရင်လဲ နောက်ဆုံးမှဆင်းသည် ။

ဌာနတစ်ခုထဲတူတူနေပြီး မျက်နှာတွေ့ဖို့ ခဲယဉ်းနေတာကိုပင် အခု ရိပေါ်ဆီ ဒီဇိုင်းပြဖို့တောင် သူ့ဆီဝင်မလာခိုင်းပဲ mail နဲ့ပို့ပေးရတယ် ။ ရှောင်းကျန့် နည်းနည်းတော့ တင်းနေပြီဖြစ်သည် ။

ဒီနေ့ နေ့လည်ထမင်းစားရင်တော့ စီနီယာတွေအတင်းခေါ်တာကို အားနာပြီးလိုက်သွားမနေတော့ဘဲ နေခဲ့ဖို့ ရှောင်းကျန့်တွေးထားလိုက်၏ ။

" အစည်းအဝေးလုပ်မယ် "

တံခါးပွင့်လာလျက် ရိပေါ် ထွက်လာပြီးသည့်နောက် ရှောင်းကျန့်နှင့်တကွ စီနီယာတွေအကုန် လိုအပ်တဲ့စာရွက်စာတမ်းတွေယူကာ တစ်ဖက်အစည်းအဝေးခန်းကို သွားကြတော့သည် ။

" ဒီတစ်ခု ဘယ်လိုသဘောရကြလဲ "

လက်ပ်တော့ဆီမှာ ပေါ်လာတဲ့ ဒီဇိုင်းကိုကြည့်ပြီး ရိပေါ်က အားလုံးရဲ့ အကြံဥာဏ်ကို နားထောင်ဖို့ အသင့်ဖြစ်နေတယ် ။

ex - Boyfriend ထံတွင်ထပ်မံကျရှုံးခြင်း (ex - Boyfriend ထံတွင်ထပ်မံကျရှုံးခြင်း)Where stories live. Discover now