Epi - 20

25.3K 2.9K 188
                                    

Online ဈေးကွက်မှာ အခြေအနေသိရအောင် အရင်ဆုံးတင်လိုက်တဲ့ ရှောင်းကျန့်ရဲ့ ဆောင်းရာသီဒီဇိုင်းက တုံ့ပြန်မှုအတော်ကောင်းသည် ။ တစ်ရိပ်ရိပ်နဲ့တက်လာတဲ့ အော်ဒါတွေက မိနစ် ၃၀အတွင်း သူတို့သတ်မှတ်ထားတဲ့ နှုန်းထက်ကျော်လွန်သွားတဲ့အခါ ရိပေါ်ရဲ့နှုတ်ခမ်းတွေ ပြုံးနေတာမရပ်တန့်တော့ဘူး ။

မျှော်လင့်ထားတာထက် လွန်နေတော့ ပိုကျေနပ်ရတာပေါ့ ။

ရှောင်းကျန့်ရဲ့လက်ရာကို အစတည်းကသူယုံပြီးသား ။ ဖြစ်လာနိုင်ချေရှိတယ်ဆိုတာလဲ သူသိသည် ။ ဒါပေမဲ့ ထပ်ပြီးမပတ်သက်ချင်တော့လို့သာ သူငြင်းခဲ့ပေမဲ့ စီအီးအို ဝမ်ကျိုးချန်ကတော့ အထာနပ်သည်လေ ။ သူက တစ်ချက်ခုတ်နှစ်ချက်ပြတ်နဲ့ ရှောင်းကျန့်ကိုခေါ်ထားခဲ့တာ ။

* တီ တီ *

" ဝမ်ရိပေါ်ရေ ! "

ပြောနေရင်း အသက်တွေရှည်ဦးမယ် ။ ဖုန်းစပီကာကနေ ထွက်လာသည့် ကျိုးချန်အသံက ကျေနပ်မှုတွေအပြည့်နဲ့ ။

" ဘာလဲ "

" မင်းကောကောကတော့ ထီပေါက်တာပဲကွာ ၊ ဒါရိုက်တာအဖွဲ့ဝင်တွေက ဒီဇိုင်းကိုအရမ်းသဘောကြနေတယ် ရိပေါ် "

အင်းလေ ဘယ်သူ့လူမလို့လဲ ><

" ပြီးတော့ ဈေးကွက်တင်လိုက်တဲ့ ရလဒ်ကလဲ အရမ်းကောင်းတာထက်ပိုနေတော့ သူတို့နောက်ထပ် ဒီဇိုင်းကို တောင်းဆိုနေကြပြီ "

သူတို့ဆွဲရတာကျလို့ ဇွတ်တွေ !

စိတ်ထဲက အကန်တွေထွက်နေပေမဲ့လို့ ရိပေါ်နှုတ်ခမ်းတွေက တစ်ဖက်တွန့်ပြီးပြုံးလျက်ရှိနေ၏ ။

" ဝမ်ရိပေါ် ?! "

" အေး "

" ငါပြောတာကြားလား ကောကောကို ဂုဏ်ပြုပေးရမယ်လို့ "

" အဲ့တော့ ? "

" မင်းတစ်ဝိုင်းထောင်ပေးလိုက်လေ ၊ ဒါမလုပ်မနေရ လုပ်ပေးသင့်တဲ့ပွဲမျိုးနော် ရိပေါ် . . သူအများကြီးကြိုးစားထားတာ . . ပြီးတော့ မင်းအတွက်ရောပဲ "

" ..... "

" ဘယ်လိုလဲ "

" အေး "

ex - Boyfriend ထံတွင်ထပ်မံကျရှုံးခြင်း (ex - Boyfriend ထံတွင်ထပ်မံကျရှုံးခြင်း)Where stories live. Discover now