Epi - 19

27.7K 3.2K 357
                                    

လက်ဆီက အနွေးဓာတ်ကလေး သိသိသာသာမရှိတော့တဲ့အချိန်မှာပဲ ရှောင်းကျန့်အိပ်ရာကနိုးလာခဲ့တယ် ။ အိပ်ရာပေါ်ကနေပဲ ပြတင်းပေါက်ကို ကြည့်မိတော့ မိုးစင်စင်လင်းခဲ့ပြီ ။ သူမြင်ချင်တဲ့ တစ်စုံတစ်ယောက်ကတော့ ပြန်သွားခဲ့ပြီပေါ့ ။ မနက်အစောမှာ မြင်ချင်မိတဲ့မျက်နှာလေး မမြင်ရလို့ စိတ်မကောင်းပေမဲ့ မနေ့ညက ကောင်းကောင်းမွန်မွန် အိပ်ပျော်ခဲ့တာကို ပြန်တွေးမိတော့ သူပြုံးမိသွားသည် ။

ဒီနေ့တနေ့တာကတော့ တစ်ယောက်သောသူကြောင့် သာယာခဲ့ပါပြီ ။

စောင်ကိုဖယ်ကာ ကုတင်ပေါ်ကဆင်းပြီး သူရေချိုးရန်ပြင်လိုက်၏ ။ ရေချိုးပြင်ဆင်ကာ အခန်းထဲကထွက်လာတော့ ထမင်းစားစားပွဲပေါ်မှာ အဆင်သင့်ရှိနေတဲ့ ကော်ဖီခွက်နဲ့ ပိန်ညှောင်ခြောက်ကပ်တူးချိနေတဲ့ ပေါက်မုန့်မီးကင်က သူ့ကိုကြိုဆိုသည် ။ ရှောင်းကျန့်ရယ်လိုက်မိ၏ ။

သူခပ်မြန်မြန်ပဲလျှောက်သွားလိုက်တော့ ကော်ဖီက အငွေ့တော့မထွက်တော့ပေမဲ့ အနည်းငယ်တော့နွေးနေသေးသည် ။ ရိပေါ်ပြန်သွားတာ မကြာလောက်သေးဘူးပေါ့လေ ။

" နွှေးသောက်လိုက် "

စားပွဲခုံမှာကပ်ထားတဲ့ Sticky note လေးက ထိုမျှသာ ။ အပူမျှမျှသာရှိတဲ့ ထိုကော်ဖီအတိုင်းပင် ရှောင်းကျန့်နှလုံးသားလေးလည်း နွေးသွားခဲ့၏ ။

" ဖက်နမ်းချင်စရာလေး "

စာရွက်လေးကို ခပ်ဖွဖွနမ်းကာ ရှောင်းကျန့်အပျော်တွေက တစ်ကိုယ်လုံးကိုပျံ့နှံ့သွားသည် ။ ဒီမနက်ခင်းမှာ ရိပေါ် သူ့ဘေးမှာ မရှိတော့ပေမဲ့ ရှောင်းကျန့်အတွက် ရိပေါ်ရဲ့အငွေ့အသက်တွေက နွေးထွေးလုံခြုံစေခဲ့ပါသည် ။

ဘယ်လိုအကြောင်းတရားတွေနဲ့ ငါမင်းကို လက်လွှတ်နိုင်ပါ့မလဲ ရိပေါ်ရယ် ။

•••••••••••••••••••••••••••••••••••••

** တီး တောင် . . . . ***

ဘဲလ်ကိုနှိပ်လိုက်ပြီးပေမဲ့ ရိပေါ်စိတ်ရှည်မနေခဲ့ဘူး ။ တံခါးကို လက်သီးနဲ့အချက်ချက်ထုကာ အိမ်တံခါးဖွင့်လာဖို့ သူတောင်းဆိုလိုက်သည် ။

ex - Boyfriend ထံတွင်ထပ်မံကျရှုံးခြင်း (ex - Boyfriend ထံတွင်ထပ်မံကျရှုံးခြင်း)Unde poveștirile trăiesc. Descoperă acum