Part - 26

14.5K 2K 43
                                    

ယခုတွင် ရှောင်းကျန့်သည် ရိပေါ်တို့ ခြံရှေ့သို့ရောက်ရှိနေခြင်းဖြစ်သည် ။ လက်ထဲတွင် ငါးဆင့်ချိုင့်တစ်လုံးကိုလဲ ဆွဲထားသေးသည် ။ ရိပေါ်တို့မိသားစုနဲ့ မနက်စာအတူစားရန် ညကစဉ်းစားမိခဲ့သည့်နောက် မနက်အာရုဏ်တက်ကတည်းကပင် မနက်စာ ကြက်သားလုံးခေါက်ဆွဲပြုတ်ကို ထ၍ပြင်ဆင်ခဲ့သည် ။

ပြင်ဆင်ပြီး၍ ရိပေါ်တို့အိမ်ကိုလာသည်အထိအကောင်း ခြံရှေ့ရောက်မှ ဒူးတွေတုန်ချင်သည် ။ ဤသည်ကိုလုပ်ရသည့်အကြောင်းမှာ ရိပေါ်ရဲ့ မိဘတွေဆီက အရင်လိုအသိအမှတ်ပြုခံချင်သည့် သူ၏အနည်းသော ကြိုးစားမှုလေးပင်ဖြစ်သည်။

ဘယ်လောက်ပဲ မိဘတွေရှေ့သတ္တိရှိပါမည်ဟု ရိပေါ်ကို ကြွေးကြော်ခဲ့ပါစေ အမှန်တကယ်တော့ ရှောင်းကျန့်တုန်လှုပ်သည် ။ ဝမ်ပါပါးက အိမ်ကိုအဝင်အထွက်လုပ်ပါလို့ ပြောသည့်တိုင် ဝမ်မာမားကိုတော့ သူအနည်းငယ်ရှိန်နေပါသေး၏ ။  ခြံရှေ့ကဘဲလ်ကို တီးရမည်လော မတီးရမည်လော တွေဝေနေမိပြီးနောက် ရောက်မှတော့ အားတင်းရမည် ။ ဒါက မောင်နဲ့သူရဲ့ ရှေ့ရေးအတွက်ပါပဲလေ ။

စိတ်ကိုပြင်ဆင်၍ ရှောင်းကျန့် ဘဲလ်ကိုနှိပ်လိုက်၏ ။

သိပ်မကြာသော အချိန်မှာ တံခါးကပွင့်သွားခဲ့သည် ။ ထို့နောက် အသက် ၅၀ ကျော်လောက်ရှိမည့် ဦးလေးတစ်ယောက်ကို တွေ့ရသည် ။ ကြည့်ရတာ အိမ်တော်ထိန်းဖြစ်မည့်ပုံပင် ။ ရှောင်းကျန့်ကိုတွေ့တော့ ပြုံးပြ၏ ။ ထိုအပြုံးတွေက သိပ်ကိုနွေးထွေးလွန်းခဲ့သည် ။

ရှောင်းကျန့်က သူ့ကိုတစ်ခါမှမတွေ့ဖူးပါပဲ ရင်းနှီးစွာပြုံးပြနေသော ဦးလေးကို ကြောင်တောင်တောင်လေးကြည့်လိုက်သည် ။

" မင်္ဂလာနံနက်ခင်းပါ ဦးလေး ... ကျွန်တော် ရှောင်းကျန့်ပါ ၊ ကျွန်တော်ရောက်နေပါတယ်လို့ တစ်ချက်လောက် ပြောပေးလို့ရမလားဗျ "

ဦးလေးကြီးက သဘောတကျရယ်၏ ။

" ပြောပေးစရာမလိုပါဘူး သားလာရင် အိမ်မကြီးကိုမေးစရာမလိုဘဲ ဝင်ခွင့်ပေးဖို့ ပြောထားပြီးသားပါ ... ဝင်ခဲ့ကွယ် " 

ခြံတံခါးကခပ်ကျယ်ကျယ်ပွင့်သွားပြီး ရှောင်းကျန့်ဟာ ကြောင်တောင်တောင်လေးနဲ့ အထဲသို့ ဝင်ခွင့်ရသွားတော့၏ ။

ex - Boyfriend ထံတွင်ထပ်မံကျရှုံးခြင်း (ex - Boyfriend ထံတွင်ထပ်မံကျရှုံးခြင်း)Où les histoires vivent. Découvrez maintenant