Part - 14

24.3K 3.1K 197
                                    

ရိပေါ် ဌာနထဲဝင်လာတော့ print ထုတ်တဲ့နားမှာ ရပ်နေတဲ့ ရှောင်းကျန့်က စာရွက်တွေနဲ့ အလုပ်ရှုပ်နေပုံရသည် ။ သို့ပေမဲ့ သူဝင်လာတာမြင်တော့ ပြုံးပြပြီး နှုတ်ဆက်ဖို့ မမေ့ဘူး ။

" မောနင်း ဒါရိုက်တာ "

ရိပေါ် ရှောင်းကျန့်ကို ခေါင်းညိမ့်မပြမိအောင်ထိန်းရင်း တစ်ချက်ပဲကြည့်လို့ ရုံးခန်းထဲဝင်လာခဲ့တယ် ။ စာလေးတစ်စောင်ပဲဆိုပေမဲ့ စဉ်းစားလိုက်တိုင်း ရင်တွေခုန်နေလွန်းလို့ မနေ့ညကရိပေါ် အိပ်လို့တောင်မပျော်ဘူး ။ ပြီးတော့ ထူးဆန်းစွာပင် ညက ဘာအိပ်မက်မှမမက်ဘဲ သူမနက်ကိုကောင်းကောင်း နိုးထခဲ့ရတာပဲ ။

ရိပေါ် ဝင်လာတော့ သူ့ထိုင်ခုံမှာအခန့်သားထိုင်ကာ ရောက်နှင့်နေတဲ့ ဝမ်ကျိုးချန်ကို တွေ့ရသည် ။

" မနက်စောစောစီးစီး သူများအခန်းထဲ ဘာဝင်လုပ်နေတာလဲ ? အလုပ်မရှိဘူးလား "

ကျိုးချန်က မျက်နှာမဲ့ပြသည် ။

" ဝမ်ရိပေါ်တို့များနော် လူကမရောက်သေးဘူး အချစ်တွေကတော့ အသင့်ရောက်နေတာပဲ ! အားကျလိုက်တာ "

ကျိုးချန်က စားပွဲခုံပေါ်က green tea ဘူးကို မျက်စပစ်ပြကာ ပြောသည် ။ လူပျိုကြီးတို့ ညည်းခန်းဖွင့်ပြီပေါ့ ။

" ဖယ်စမ်းပါ ဂေါ်မစွံတဲ့ လူပျိုကြီးရာ "

" ဝါးး ဝမ်ရိပေါ် မင်းငါ့ကို တော်တော်မလေးစားလာတော့တာပဲ "

" ဘယ်တုန်းကရော လေးစားတယ်ပြောမိဖူးလဲ "

ရိပေါ်က ခပ်ချေချေပါပဲ ။ သူ့ထိုင်ခုံမှာထိုင်နေတဲ့ ကျိုးချန်ကို လက်ကနေဆွဲထူလိုက်ရင်း ဖယ်ခိုင်းလိုက်သည် ။ ထို့နောက် စားပွဲပေါ်က green tea ဘူးကို လှမ်းယူလိုက်ရင်း တစ်ငုံသောက်ပစ်လိုက်၏ ။

" ဝေါင်းးး မင်းသောက်တယ်ပေါ့ ? ? "

ကျိုးချန်က ပါးစပ်အဟောင်းသားလေးနဲ့ အံ့ဩသလို အိုက်တင်လုပ်ပြသည် ။

" ဘာဖြစ်လို့လဲ ထူးဆန်းသလား ? "

" ဒါက မင်းကို ပိုးကြေးပန်းကြေးအနေနဲ့ပေးတာလေ . . မင်းကသောက်တော့ အဲ့ဒီ့ပိုးပန်းတာကို လက်ခံတဲ့သဘောပေါ့ "

ex - Boyfriend ထံတွင်ထပ်မံကျရှုံးခြင်း (ex - Boyfriend ထံတွင်ထပ်မံကျရှုံးခြင်း)Where stories live. Discover now