Part - 23

17.1K 2.1K 71
                                    

Happy Chinese Vday !!! ❤

_____________________________________

ဖုန်းစခရင်မ်ပေါ်မှာပေါ်နေတဲ့ နာမည်ကြောင့် ရှောင်းကျန့်ခြေတုံချတုံဖြစ်နေရသည် ။

ဝမ်မာမား တဲ့ ။

သူ့ကိုဘာလို့ဖုန်းဆက်သလဲဆိုတာ အသိသာချည်းပါပဲ ။ တစ်နေ့ကစေ့စပ်ပွဲပျက်သွားရသည့်အကြောင်းမှာ ရှောင်းကျန့်ကြောင့်ဆိုတာ ဝမ်မာမားဟာ မသိဘဲတော့မနေနိုင် ။ သူ ရိပေါ်အနားပြန်ရောက်နေပြီဆိုတာ သိနေခဲ့၍ပဲ လူအများစုံတဲ့ နှစ်ပတ်လည်လိုအခန်းအနားမျိုးမှာ တရားဝင်ကြေငြာခဲ့တာမဟုတ်လား ။

ကြောက်နေသည်လို့တော့မဟုတ်ပေမဲ့ ဖုန်းကိုင်ရမှာ အနည်းငယ်တော့စိုးရွံ့နေမိတာ အမှန်ပဲ ။

တီ တီ **

အနောက်ကထွက်လာသည့် ဟွန်းသံကျယ်ကျယ်ကြောင့် ရှောင်းကျန့်ကိုယ်လေးတုန်သွားသည် ။ လက်ထဲမှာကိုင်ထားသည့်ဖုန်းကို အလျင်အမြန်ပဲအိတ်ကပ်ထဲထိုးထည့်လိုက်ပြီး ရှောင်းကျန့်မျက်နှာမှာအပြုံးတို့ ချိတ်ဆွဲလိုက်၏ ။ ရိပေါ်ရှေ့မှာ သူမျက်နှာပျက်မနေချင်ပါဘူး ။

" ဘာလို့အပြင်ထွက်စောင့်နေတာလဲ အေးတာကို ။
ရောက်ရင်ဖုန်းဆက်မှာပေါ့ "

မနက်ကုမ္ပဏီမသွားခင် လာကြိုမည်ဟုပြောထားသဖြင့် ရှောင်းကျန့်ကအဆင်သင့်လုပ်ပြီး စောင့်နေရခြင်း ။

" မအေးပါဘူး မင်းရှိနေတာပဲ "

ရှောင်းကျန့်က အေးနေတဲ့ သူ့လက်နှစ်ဖက်ကို ရိပေါ်ပါးပြင်မှာကပ်ထားလိုက်ရင်း ပြုံးပြလိုက်၏ ။

" ခင်ဗျားကသိပ်အပိုပြောတာပဲ ဘာမအေးတာလဲ တွေ့လား .. လက်တွေတောင်ခဲတော့မယ် "

ရိပေါ်က သူ့ပါးပေါ်က ရှောင်းကျန့်လက်နှစ်ဖက်ကိုဆွဲယူကာ အာငွေ့ပေး၏ ။ အရင်ကလို ရှောင်းကျန့်ကိုဆို သေးသေးလေးကအစဂရုစိုက်တတ်တဲ့ ရိပေါ်လေး ပြန်လာပြီပေါ့ ။ ကြည်နူးစိတ်နဲ့ ရှောင်းကျန့်ဟာ တိုတိုညှပ်ထားတဲ့ ရိပေါ်ရဲ့လည်ဂုတ်နားက ဆံပင်လေးတွေကို လက်လေးနဲ့ဆော့ရင်း အပြုံးတို့မရပ်နိုင်ခဲ့ဘဲ ရှိနေသည် ။

ex - Boyfriend ထံတွင်ထပ်မံကျရှုံးခြင်း (ex - Boyfriend ထံတွင်ထပ်မံကျရှုံးခြင်း)Where stories live. Discover now