Part - 24

17.8K 2.2K 38
                                    

ရှောင်းကျန့်ရဲ့ပထမဒီဇိုင်းက ဈေးကွက်မှာ ဟော့ဖြစ်သွားခဲ့ပြီးနောက်မှာ ကျိုးချန်ရဲ့ကုမ္ပဏီဟာ ရှယ်ယာတွေထိုးတက်လာပြီး တစ်ချို့သောရှယ်ယာရှင်တွေက ရိပေါ်တို့ရဲ့ ဒီဇိုင်းဌာနကို အစည်းအဝေးပွဲမှာ များစွာချီးကျူးခဲ့ကြတယ် ။ အဓိကကတော့ ရှောင်းကျန့်ကိုပေါ့ ။

ရှောင်းကျန့်က တမဟုတ်ချင်း ကုမ္ပဏီမှာနာမည်ကြီးသွားပြီး ဌာနအသီးသီးကအာရုံစိုက်မှုကိုခံလာရသည် ။ စီနီယာမမတွေဆို ရှောင်းကျန့်မှ ရှောင်းကျန့်ကိုဖြစ်လို့ ။ အာရုံစိုက်ခံရတာမကြိုက်သည့် ရှောင်းကျန့်က ဖာသိဖာသာပဲနေတော့ သဝန်တိုတတ်လွန်းသည့် ဝမ်ရိပေါ်အတွက် အေးချမ်းနေခဲ့ပါသည်လေ ။

အခုလဲသူတို့မနားရ ။ နွေရာသီအတွက် ဒီဇိုင်းတွေကို ပြင်ဆင်နေရပြီဖြစ်သည် ။ ဝမ်ကျိုးချန်က ချီးကျူးထောပနာတော့ပြုပေးပါရဲ့ ပြီးတာနဲ့ ချက်ချင်းကြီးခိုင်းစားတော့တာပဲလို့ ရိပေါ်ကမကျေမနပ်ပြောတိုင်း ရှောင်းကျန့်မှာရယ်ရတာပင် ။

ဒါရိုက်တာဖြစ်သည့် ရိပေါ်က ဒီရက်ပိုင်းအနားမရဘဲ အလုပ်တွေရှုပ်နေတာမြင်တော့ ရှောင်းကျန့်မှာစိတ်မကောင်း ။ ယခုလဲ ဆုံလည်ကုလားထိုင်နောက်မှီပေါ် ခေါင်းမှီထားသည့် ရိပေါ်က ရှောင်းကျန့်ဝင်လာသည်ကို မသိ မျက်လုံးကိုမှိတ်ကာ အနားယူနေပုံရသည် ။

ရှောင်းကျန့်အနားတိုးကပ်သွားလိုက်ရင်း အပေါ်ကနေ ငုံကြည့်မိသည် ။ မျက်လုံးမှိတ်ထားသည့်ရိပေါ်က မျက်မှောင်တွေကိုလဲကြုတ်ထားပါသေးသည် ။ ရှောင်းကျန့်က ထိုသို့ကြုတ်ထားသောမျက်မှောင်တွေကို ပြေကျသွားအောင် လက်နဲ့ဖြေလျှော့ပေးသည့်အခါ ရိပေါ် မျက်လုံးတွေပွင့်လာခဲ့သည် ။

ရှောင်းကျန့်ကိုမြင်တော့ ပြုံးပြလာခဲ့ပြီး

" အရမ်းပင်ပန်းနေလား မောင် "

" အင်း ... ဒါပေမဲ့ အခုမပင်ပန်းတော့ဘူး ၊ တွေ့ချင်တဲ့မျက်နှာလေး တွေ့ရပြီဆိုတော့ "

ရှောင်းကျန့်ကပြုံးသည် ။

" နားနားနေနေ လုပ်ပါ မောင်ရယ် ... ကိုကို့အကူအညီလိုလည်းပြောနော် "

ex - Boyfriend ထံတွင်ထပ်မံကျရှုံးခြင်း (ex - Boyfriend ထံတွင်ထပ်မံကျရှုံးခြင်း)Where stories live. Discover now