Part - 7

28.2K 3.1K 166
                                    

ရိပေါ်အတွက် ရှောင်းကျန့်က အချစ်ဦးဖြစ်ခဲ့သည် ။ သူရဲ့ငယ်ရွယ်မှုတွေမှာ အမြဲတမ်းရှောင်းကျန့်က အတူရှိနေခဲ့တယ် ။ မူလတန်းထဲက သူတို့နှစ်ယောက်အတူရှိလာတာ အထက်တန်းပြီးတဲ့အထိပဲ ။ ဒီလောက်ဆို သူတို့သံယောဇဉ်က ဘယ်အတိုင်းအတာထိရှိနေလောက်လဲ ခန့်မှန်းလို့ရနိုင်ပါတယ် ။

သံယောဇဉ်ပဲလား ဆိုတော့လဲမဟုတ် ။ ဒီသံယောဇဉ်ကနေ ပေါက်ဖွားအမြစ်တွယ်တာတဲ့ အချစ်ဆိုတဲ့အရာကလဲ လူပျိုဖြစ်စအရွယ်မှာ သူတို့နှစ်ယောက်ကြားကို ရောက်လာခဲ့တယ် ။

ရိပေါ်ရဲ့ဘဝမှာ လူတစ်ယောက်ကို အဲ့လောက်ထိအသည်းအသန်မချစ်ခဲ့ဖူးဘူး ။ ကုန်ကုန် သူ့မိဘတွေအပေါ်တောင် သူအနေအေးတယ် ။ တစ်ဦးတည်းသောသားပေမဲ့ ရိပေါ်မှာ အထီးကျန်ရမဲ့အချိန်ဆိုတာမရှိခဲ့ဘူး ။ သူ့ရဲ့ အချိန်တွေအကုန်လုံးကို ရှောင်းကျန့်ဆိုတဲ့ သူ့ထက်သုံးနှစ်ကြီးတဲ့ အစ်ကိုနဲ့ ဖြတ်သန်းခဲ့ရတယ် ။ ပျော်ရွှင်ခဲ့ရတယ် ။ ရင်ခုန်ခဲ့ရတယ် ။ အချစ်ခံခဲ့ရတယ် ။ နောက်ဆုံး ဒီလူကြောင့်ပဲ နာကျင်ခဲ့ရတယ် ။

အချစ်ဦး ဘယ်သောအခါမှမမေ့ ဆိုသလိုပေါ့ ။ တကယ်ပင် ရိပေါ် ရှောင်းကျန့်ကို လုံးဝမမေ့ခဲ့ဘူး ။ ဒါပေမဲ့ တမ်းလဲမတမ်းတခဲ့ဘူး ။ သူ့အတွက် .... သူနဲ့နောက်ဆုံးထိ မရှိပေနိုင်တဲ့လူမျိုးကို သူဆွဲလဲမဆွဲထားဘူး ။ လိုက်လဲမရှာဘူး ။ လွမ်းရင်တောင် ကြိတ်မှိတ်ခံသည် ။

ဒါဟာ ဝမ်ရိပေါ်ဆိုတဲ့ ကောင်လေးရဲ့ ပြတ်သားမှုပဲ ။

ဒါပေမဲ့ အခုအခြေအနေက ဘယ်လိုလဲ ။ ပြန်လာဖို့ စိတ်ကူးရှိရင် သူ့ဆီက ထွက်မသွားနဲ့လေ ။ ဘာလို့ ထားခဲ့ပြီးမှ လူကိုထပ်တလဲလဲ နာကျင်ရအောင် ဘာလို့ပြန်လာခဲ့သေးတာလဲ ။ ရိပေါ် တကယ်ပဲ ရှောင်းကျန့်ကို နားမလည်ဘူး ။ ပြီးတော့ ယုံလဲမယုံတော့ဘူး ။ မယုံတာထက် မယုံချင်တော့တာ ၊ မယုံရဲတော့တာ ။

ရှောင်းကျန့်ပဲမဟုတ်ဘူး ။ အချစ်ကိုလဲ ရိပေါ် မယုံတော့ဘူး ။

" ဟူးးး .... "

ရိပေါ် လေပူများကို မှုတ်ထုတ်လိုက်တယ် ။ မနက်အစောထဲက ရိပေါ်ခေါင်းထဲ ရှောင်းကျန့်အကြောင်းတွေ ရောက်လာတာက သိပ်တော့အဆင်မပြေလှဘူး မဟုတ်လား ။

ex - Boyfriend ထံတွင်ထပ်မံကျရှုံးခြင်း (ex - Boyfriend ထံတွင်ထပ်မံကျရှုံးခြင်း)Where stories live. Discover now