Part - 8

26.4K 3K 110
                                    

[ Zawgyi ]

ဒီနေ့က ပိတ်ရက် ။ ပိတ်ရက်မှာ လူတွေဘာလုပ်ကြသလဲ ။
တချို့က မိသားစုနဲ့ လျှောက်လည်ကြတယ် ။ လူငယ်တချို့က သူငယ်ချင်းတွေနဲ့ ဂိမ်းဆိုင်သွား ကော်ဖီဆိုင်ထိုင်ကြတယ် ။ တချို့ချစ်သူရည်းစားတွေ ဒိတ်လုပ်ချိန်းတွေ့ကြတယ် ။

ဒါဆို ဝမ်ရိပေါ်ကရော ?

မှန်ဗီရိုပေါ်တင်ထားတဲ့ ဆိုင်ကယ်ဦးထုပ်ကိုယူလျက် ရိပေါ် အိမ်ထဲကထွက်လာခဲ့သည် ။ လူငယ်သဘာဝ အပျော်တွေရှိရမဲ့အချိန်မှာ ရိပေါ်ကတော့ တစ်စုံတစ်ယောက်ကြောင့် သူ့စိတ်တွေကို အလုပ်ထဲနှစ်ထားခဲ့ရတယ် ။ သံပတ်ပေးထားတဲ့လူလိုမျိုး ရိပေါ်က မနက်အိပ်ရာထတယ် ၊ မနက်စာစားတယ် ၊ ပြီးတော့ ကုမ္ပဏီကိုလာတယ် ၊ အလုပ်လုပ်တယ် ၊ ပြီးရင်ပြန်တယ် ။

ဒီလိုနဲ့ သူ့ရဲ့ဘဝကို ရှေ့ဆက်လာတာ ။ သူ့မှာ အပျော်ဆိုတာမရှိဘူး ။ ဒါပေမဲ့ တစ်လမှာတစ်ရက်သာရတဲ့ အားလပ်ရက်ကိုတော့ သူ့ဝါသနာပါလွန်းတဲ့ ၊ သူနှစ်သက်လွန်းတဲ့ ဆိုင်ကယ်စီးခြင်းအမှုကိုတော့ မပျက်မကွက်လုပ်တယ် ။

ဒီနေ့က မတွေ့တာကြာပြီဖြစ်တဲ့ သူငယ်ချင်းတွေနဲ့ အပျော်တမ်းဆိုင်ကယ်ပြိုင်ဖို့ ရိပေါ် လက်ခံလိုက်တယ် ။ ပုံမှန်ဆို ပိတ်ရက်လဲ သူတစ်ယောက်တည်း ဆိုင်ကယ်စီးရင်း ဟိုဟိုဒီဒီသွားလာပေမဲ့ ဒီတစ်ခေါက်ကတော့ အရင်နဲ့မတူ သူ့မှာစိတ်ရှုပ်စရာကိစ္စတွေ ရှိလာခဲ့သည်လေ ။ ရိပေါ် အာရုံစိုက်ရမဲ့အလုပ်ကိုလုပ်ရင်း ထိုလူကို ခနလောက်မေ့ထားချင်သည် ။

ဒါကြောင့် မပါဝင်ဖြစ်တာကြာတဲ့ စိတ်ဝင်စားစရာ အပျော်တမ်းပြိုင်ပွဲလေးတစ်ခုမှာ သူပါဝင်ဖို့ လက်ခံလိုက်မိသည် ။

" ဟေးး ရိပေါ် ရောက်ပြီလား "

သူကွင်းထဲ ဝင်လာတော့ သူ့အစ်ကိုဖြစ်သူ ကျိုးချန်က သူ့အနားကိုရောက်လာကာ နှုတ်ဆက်သည် ။

" ချန်ကော ... မင်းက ဒီလိုဘယ်လိုလုပ် ? "

" မင်းကို လာအားပေးတာလေ "

မျက်လုံးတစ်ဖက်မှိတ်ပြရင်း စပ်ဖြီးဖြီးနဲ့ ကျိုးချန်ကို ရိပေါ် မျက်မှောင်ကုတ်ကာကြည့်သည် ။ ရုပ်က နည်းနည်း မသင်္ကာစရာကောင်းသလိုပဲ ။

ex - Boyfriend ထံတွင်ထပ်မံကျရှုံးခြင်း (ex - Boyfriend ထံတွင်ထပ်မံကျရှုံးခြင်း)Where stories live. Discover now